ကောလောသဲဩဝါဒစာ 1:17
ခရစ်တော်သည်ခပ်သိမ်းသောအရာတို့မပေါ် ပေါက်မီကပင်ရှိနေတော်မူ၏။ ခပ်သိမ်းသော အရာတို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်သောအားဖြင့်စနစ်တကျတည် လျက်ရှိ၏။-
Common Language Bible
In The King James Version
And he is before all things, and by him all things consist.
In Context
Cross References
Psalms 75:3ကမ္ဘာမြေကြီးနှင့်တကွသက်ရှိသတ္တဝါ အပေါင်းတို့သည် တုန်လှုပ်ကြစေကာမူ ငါသည်ကမ္ဘာမြေကြီး၏အခြေခံအုတ်မြစ်တို့ကို တည်တံ့ခိုင်မြဲစေမည်။
Isaiah 43:11``ငါတစ်ပါးတည်းသာလျှင်ထာဝရဘုရား ဖြစ်တော်မူ၏။ ငါတစ်ပါးတည်းသာလျှင်သင်တို့အား ကယ်တင်တော်မူနိုင်၏။
Micah 5:2ထာဝရဘုရားက``ဧဖရတ်ခရိုင်၊ ဗက်လင် မြို့၊ သင်သည်ယုဒပြည်တွင်သိမ်ငယ်သော မြို့တစ်မြို့ဖြစ်သော်လည်း ရှေးမင်းဆက်ထဲ မှဣသရေလအမျိုးသားတို့ကိုအုပ်စိုး မည့်ဘုရင်တစ်ပါးကိုငါပေါ်ထွန်းစေ မည်'' ဟုမိန့်တော်မူ၏။
John 5:17ကိုယ်တော်က ``ငါ့ခမည်းတော်သည်အဘယ် အခါမျှအလုပ်မှရပ်နားသည်ဟူ၍မရှိ။ ထိုနည်းတူစွာငါသည်လည်းလုပ်ဆောင်လျက် နေရမည်'' ဟုထိုသူတို့အားမိန့်တော်မူ၏။
John 17:5အို အဖ၊ ဤကမ္ဘာမပေါ်မတည်မီကကိုယ်တော် နှင့်အတူအကျွန်ုပ်ခံစားခဲ့ရသည့်ဘုန်းအသ ရေကို ယခုအခါ၌ရှေ့တော်တွင်အကျွန်ုပ်အား ပေးတော်မူပါ။''
1 Corinthians 8:6ငါတို့အဖို့မှာအဖခမည်းတော်ဘုရား တစ်ပါးတည်းသာလျှင်ရှိတော်မူ၏။ ကိုယ် တော်သည်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်း တော်မူ၏။ ကိုယ်တော်၏အဖို့ငါတို့အသက် ရှင်ကြ၏။ ငါတို့မှာအရှင်သခင်တစ်ပါး တည်းသာလျှင်ရှိ၏။ ထိုအရှင်သခင်ကား ယေရှုခရစ်ပေတည်း။ ထိုအရှင်အားဖြင့် ခပ်သိမ်းသောအရာတို့သည်ဖန်ဆင်းခြင်း ကိုခံကြရ၏။ ထိုအရှင်အားဖြင့်ငါတို့ သည်အသက်ရှင်ကြ၏။