Daniel 10:8
ငါတစ်ဦးတည်းသာလျှင်ထိုအံ့သြဖွယ် ကောင်းသည့်ဗျာဒိတ်ရူပါရုံကိုကြည့် လျက်ကျန်ရစ်၏။ ငါသည်အားပြတ်၍ အဘယ်သူမျှမမှတ်မိနိုင်လောက်အောင် ငါ၏မျက်နှာသည်အသွင်ပြောင်းသွား၏။ အကူအညီမဲ့လျက်ရှိ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 32:31ယာကုပ်သည်ပေနွေလအရပ်မှထွက်ခွာလာ သောအခါနေထွက်ပြီဖြစ်၏။ သူသည်ခါးဆစ် ဒဏ်ရာကြောင့်ထော့နဲ့ကျိုးနင်းသွားရလေသည်။-
Daniel 7:28ငါ၏အိပ်မက်နှင့်သက်ဆိုင်သောအကြောင်းအရာများကားဤတွင်ပြီးသတည်း။ ငါသည်လွန်စွာထိတ်လန့်သဖြင့်မျက်နှာညှိုးငယ်၍သွား၏။ ဤအကြောင်းအရာအလုံးစုံကိုစိတ်တွင်မှတ်ကျုံးထား၏။
Daniel 8:27ငါဒံယေလသည်ရက်ပေါင်းများစွာစိတ် ညှိုးငယ်လျက် မကျန်းမမာဖြစ်၍နေ၏။ ထို နောက်ငါသည်ထ၍ဘုရင်ပေးအပ်ထားသည့် အလုပ်တာဝန်ကိုဆောင်ရွက်၏။ သို့ရာတွင် ထိုဗျာဒိတ်ရူပါရုံကြောင့်စိတ်ရှုပ်ထွေးလျက် နေသဖြင့် ငါသည်ယင်း၏အနက်အဋ္ဌိပ္ပါယ် ကိုနားမလည်နိုင်ပါ။
Matthew 17:6ထိုအသံကိုတပည့်တော်တို့ကြားသောအခါ လွန်စွာကြောက်လန့်၍ပျပ်ဝပ်လျက်နေကြ၏။-
John 16:32သင်တို့သည်မိမိတို့အိမ်သို့အသီးသီးထွက် ပြေးသွားကြမည့်အချိန်ကျရောက်လာလိမ့် မည်။ ငါသည်လည်းအထီးတည်းကျန်ရစ်လိမ့် မည်။ ထိုအချိန်သည်ယခုပင်ကျရောက်လျက် ရှိပေပြီ။ သို့ရာတွင်ခမည်းတော်သည်ငါနှင့် အတူရှိတော်မူသဖြင့် ငါသည်အကယ်ပင် အထီးတည်းနေသည်မဟုတ်။-
2 Corinthians 12:7ငါမြင်ရသည့်အံ့သြဖွယ်ရူပါရုံများ ကြောင့်ငါ့ကိုယ်ကိုအထင်မကြီးစေရန်ငါ သည်မိမိကိုယ်ခန္ဓာတွင်နာကျင်သော ဝေဒနာကိုခံစားနေရ၏။ ထိုဝေဒနာ သည်စာတန်၏စေတမန်သဖွယ်ငါ့ကို ဒဏ်ခတ်၍ငါ၏မာန်မာနကိုချိုးနှိမ်၏။-