Daniel 11:15
သို့ဖြစ်၍ဆီးရီးယားဘုရင်သည် အီဂျစ် ပြည်ခံတပ်မြို့တစ်မြို့ကိုတိုက်ခိုက်သိမ်းယူ လိမ့်မည်။ အီဂျစ်စစ်သည်တပ်သားတို့သည် ဆက်လက်တိုက်ခိုက်ကြတော့မည်မဟုတ်။ သူ တို့အထဲမှလက်ရွေးစင်တပ်သားများ၌ ပင်ခံရပ်နိုင်သောခွန်အားမရှိပေ။-
Common Language Bible
In The King James Version
In Context
Cross References
Joshua 1:5ယောရှု၊ သင်အသက်ရှင်သမျှကာလပတ်လုံး မည်သူမျှသင့်အားခုခံနိုင်လိမ့်မည်မဟုတ်။ ငါသည်မောရှေနှင့်အတူရှိတော်မူသည့်နည်း တူပင် သင်နှင့်လည်းအတူရှိမည်။ သင့်ကိုမည် သည့်အခါမျှစွန့်ပစ်ထားမည်မဟုတ်။ သင် နှင့်အတူအစဉ်ရှိတော်မူမည်။-
Jeremiah 5:10ငါသည်သူတို့၏စပျစ်ဥယျာဉ်များကိုရန်သူတို့အားခုတ်ပစ်စေမည်။ သို့ရာတွင်စပျစ်ပင်တို့ကိုအကုန်အစင်ဖျက်ဆီးပစ်စေလိမ့်မည်မဟုတ်။ စပျစ်ကိုင်းများသည်ငါမပိုင်မဆိုင်သဖြင့်ယင်းတို့ကိုခုတ်ထွင်ပစ်ရန်ရန်သူတို့အားငါစေခိုင်းမည်။
Jeremiah 33:4ယေရုရှလင်မြို့ရှိအိမ်များနှင့်ယုဒဘုရင် ၏နန်းတော်သည် ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခံ ရသဖြင့်ပြိုပျက်ရလိမ့်မည်ဖြစ်ကြောင်း ဣသရေလအမျိုးသားတို့၏ဘုရားသခင်ငါထာဝရဘုရားမိန့်တော်မူ၏။-
Ezekiel 4:2ထိုနောက်ထိုမြို့အားရန်သူဝိုင်းရံထားပုံကို သရုပ်ဆောင်ရန် မြောင်း၊ မြေကတုတ်များ၊ စစ် စခန်းများနှင့်ခံတပ်ဖြိုသည့်တုံးမောင်း များကိုမြို့ပတ်လည်၌နေရာချထားလော့။-
Daniel 8:7ငါသည်ဆိတ်ကသိုးအားဝှေ့သည်ကိုကြည့် ၍နေ၏။ ဆိတ်သည်ပြင်းစွာအမျက်ထွက်၍ သိုးကိုတအားကုန်ဝှေ့လိုက်ရာသိုး၏ဦး ချိုနှစ်ချောင်းကျိုးလေ၏။ သိုးသည်ပြန်လည် ခုခံနိုင်စွမ်းမရှိသဖြင့်မြေပေါ်သို့လဲ ကျကာခြေနှင့်အနင်းခံရလေသည်။ အဘယ်သူမျှသူ့အားမကယ်နိုင်တော့ပေ။