Daniel 11:23
ထိုမင်းသည်ကတိစာချုပ်များချုပ်ဆို၍ အခြားနိုင်ငံတို့ကိုလိမ်လည်လှည့်စားလိမ့် မည်။ သူသည်သေးငယ်သောနိုင်ငံကိုအုပ်စိုး ရသော်လည်း တန်ခိုးကြီးမားသည်ထက် ကြီးမား၍လာလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 34:13ယာကုပ်၏သားတို့သည်မိမိတို့၏နှမဒိန အား ရှေခင်ကအသရေပျက်အောင်ပြုကျင့်ခဲ့ သဖြင့် ရှေခင်နှင့်သူ၏ဖခင်ကိုပရိယာယ်သုံး ၍ဖြေကြားလေ၏။-
Proverbs 11:18မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည်။
Daniel 8:24သူသည်ကိုယ်ပိုင်စွမ်းရည်မရှိဘဲတန်ခိုး ကြီးမား၍လာလိမ့်မည်။ သူသည်ကြောက်မက် ဖွယ်ကောင်းသည့်သတ်ဖြတ်ဖျက်ဆီးမှုများ ကိုပြု၍ အဘယ်အမှုကိစ္စတွင်မဆိုအောင် မြင်လိမ့်မည်။ တန်ခိုးကြီးမားသူများနှင့် ထာဝရဘုရား၏လူမျိုးတော်တို့ကို ဖျက်ဆီးလိမ့်မည်။-
Romans 1:29သူတို့သည်အမျိုးမျိုးသောဆိုးယုတ်မိုက်မဲ ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘတပ်မက်ခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလိုခြင်း၊ သူ့အသက် ကိုသတ်ခြင်း၊ ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ ရန် ငြိုးဖွဲ့ခြင်းစသည့်အပြစ်များကိုကူးလွန် ကြ၏။ သူတို့သည်ကုန်းချောပြောဆိုကြ၏။-
2 Thessalonians 2:9သူယုတ်မာကြီးသည်စာတန်၏တန်ခိုးကိုခံယူ ၍ရောက်ရှိလာသောအခါ အံ့သြဖွယ်ရာထူးဆန်း သောနိမိတ်လက္ခဏာအတုအယောင်အမျိုးမျိုး ကိုပြလိမ့်မည်။-