Daniel 11:22
သူ့အားဆန့်ကျင်ဘက်ပြုသူသည်ဘုရားသခင်၏ယဇ်ပုရောဟိတ်မင်းပင်ဖြစ်စေကာ မူ ဖျက်ဆီးချေမှုန်းခြင်းကိုခံရလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Isaiah 8:7ငါထာဝရဘုရားသည်အာရှုရိဘုရင်နှင့် သူ၏တပ်သားများအားခေါ်ယူ၍ ယုဒပြည် ကိုတိုက်ခိုက်စေမည်။ သူတို့သည်ဥဖရတ် မြစ်ရေလျှံသကဲ့သို့ကျယ်ပြန့်စွာချီတတ် လာကြလိမ့်မည်။-
Daniel 8:11ကောင်းကင်ဗိုလ်ခြေတို့၏အရှင်ကိုပင်အာ ခံလျက် ကိုယ်တော်အားပူဇော်နေကျဖြစ် သည့်ယဇ်များကိုရပ်စဲစေ၍ဗိမာန်တော် ကိုပျက်စီးစေ၏။-
Daniel 9:26ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-
Amos 8:8ဤပြစ်မှုများကြောင့်မြေငလျင်ကြီးလှုပ်ခါ တစ်ပြည်လုံးရှိပြည်သူမှန်သမျှဝမ်းနည်းပူ ဆွေးရကြမည်။ တစ်နိုင်ငံလုံးသည်အီဂျစ်ပြည် မှနိုင်းမြစ်ကဲ့သို့တက်၍ကျ၍ဆတ်ဆတ် ခါအောင်တုန်လှုပ်သွားလိမ့်မည်။-
Nahum 1:8ကိုယ်တော်သည်အရှိန်ပြင်းစွာလွှမ်းမိုးသည့် မြစ်ရေကဲ့သို့ရန်သူတို့အားဆုံးပါး ပျက်စီးစေတော်မူ၏။ မိမိကိုအတိုက်အခံပြုသူတို့အား သေရွာသို့ ပို့ဆောင်တော်မူ၏။