Daniel 11:31
သူ၏တပ်သားအချို့တို့သည်ဗိမာန်တော်ကို ညစ်ညမ်းစေကြလိမ့်မည်။ သူတို့သည်နေ့စဉ် ပူဇော်ရာယဇ်တို့ကိုရပ်စဲစေလျက်ထိတ်လန့် စက်ဆုတ်ဖွယ်သောအရာ ကိုဗိမာန်တော်လူမြင်ကွင်းတွင်မြှောက်တင် ထားကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Lamentations 2:7ထာဝရဘုရားသည် မိမိ၏ယဇ်ပလ္လင်တော်ကိုလည်းကောင်း၊သန့်ရှင်း မြင့်မြတ်သည့်ဗိမာန်တော်ကိုလည်းကောင်း ပစ်ပယ်တော်မူ၍ရန်သူတို့အားဗိမာန်တော် နံရံများကိုဖြိုချခွင့်ပေးတော်မူ၏။ သူတို့သည်လည်းငါတို့ရွှင်လန်းဝမ်းမြောက်စွာ ကိုးကွယ်ဝတ်ပြုခဲ့ကြသည့်ဌာနတော်တွင် အောင်သံပေး၍ကြွေးကြော်ကြ၏။
Ezekiel 9:7ဘုရားသခင်က``ဗိမာန်တော်ကိုညစ်ညမ်း စေကြလော့။ တံတိုင်းများကိုလူသေကောင် များဖြင့်ပြည့်စေကြလော့။ အလုပ်စ၍ လုပ်ကြလော့။'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ ထိုသူခြောက်ယောက်တို့သည်မြို့တွင်းရှိ လူတို့ကိုစတင်သတ်ဖြတ်ကြ၏။
Daniel 8:11ကောင်းကင်ဗိုလ်ခြေတို့၏အရှင်ကိုပင်အာ ခံလျက် ကိုယ်တော်အားပူဇော်နေကျဖြစ် သည့်ယဇ်များကိုရပ်စဲစေ၍ဗိမာန်တော် ကိုပျက်စီးစေ၏။-
Daniel 8:24သူသည်ကိုယ်ပိုင်စွမ်းရည်မရှိဘဲတန်ခိုး ကြီးမား၍လာလိမ့်မည်။ သူသည်ကြောက်မက် ဖွယ်ကောင်းသည့်သတ်ဖြတ်ဖျက်ဆီးမှုများ ကိုပြု၍ အဘယ်အမှုကိစ္စတွင်မဆိုအောင် မြင်လိမ့်မည်။ တန်ခိုးကြီးမားသူများနှင့် ထာဝရဘုရား၏လူမျိုးတော်တို့ကို ဖျက်ဆီးလိမ့်မည်။-
Daniel 9:27ထိုမင်းသည်ခုနစ်နှစ်တိုင်တိုင်များစွာ သောလူတို့နှင့် အခိုင်အမာသဘောတူ စာချုပ်ချုပ်ဆိုလိမ့်မည်။ သုံးနှစ်ခွဲမျှ ကြာသောအခါသူသည် ယဇ်နှင့်ပူဇော် သကာများဆက်ကပ်မှုကိုရပ်စဲစေ လိမ့်မည်။ ထိုနောက်ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းသည့်အရာ ကို ဗိမာန်တော်လူမြင်ကွင်းတွင်မြှောက်တင် ထားလိမ့်မည်။ ထိုအရာသည်မြှောက်တင်သူ အတွက် ဘုရားသခင်ပြင်ဆင်စီရင်ထား တော်မူသောဆုံးပါးပျက်စီးချိန်တိုင် အောင် ဗိမာန်တော်တွင်တည်ရှိနေလိမ့်မည်'' ဟုဆို၏။
Matthew 24:15``ပရောဖက်ဒံယေလဟောကြားခဲ့သည့်ထိတ်လန့် စက်ဆုတ်ဖွယ်ကောင်းသည့်အရာသည်မရှိအပ်သည့် အရပ်တွင်ရှိနေသည်ကိုသင်တို့မြင်ကြလိမ့်မည်။ (စာဖတ်သူသည်ဤအချက်ကိုသတိပြုအပ်၏။)-