ယေရမိမြည်တမ်းစကား 2:7
ထာဝရဘုရားသည် မိမိ၏ယဇ်ပလ္လင်တော်ကိုလည်းကောင်း၊သန့်ရှင်း မြင့်မြတ်သည့်ဗိမာန်တော်ကိုလည်းကောင်း ပစ်ပယ်တော်မူ၍ရန်သူတို့အားဗိမာန်တော် နံရံများကိုဖြိုချခွင့်ပေးတော်မူ၏။ သူတို့သည်လည်းငါတို့ရွှင်လန်းဝမ်းမြောက်စွာ ကိုးကွယ်ဝတ်ပြုခဲ့ကြသည့်ဌာနတော်တွင် အောင်သံပေး၍ကြွေးကြော်ကြ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 2
Cross References
Leviticus 26:31သင်တို့၏မြို့များကိုဖြိုဖျက်၍ သင်တို့ဝတ်ပြု ကိုးကွယ်ရာဌာနများကိုပျက်စီးစေမည်။ သင် တို့၏ယဇ်ပူဇော်ခြင်းကိုငါလက်မခံ။-
2 Kings 25:9ဗိမာန်တော်၊ နန်းတော်နှင့်ယေရုရှလင်မြို့ရှိ အရေးပါအရာရောက်သူအပေါင်းတို့၏နေ အိမ်များကိုမီးရှို့လေသည်။-
Psalms 72:4မင်းကြီးသည်ဆင်းရဲသူတို့အားမျှတစွာ တရားစီရင်ဆုံးဖြတ်ပါစေသော။ ချို့တဲ့နွမ်းပါးသူတို့အားကူမတော်မူပါ စေသော။ ဖိစီးနှိပ်စက်သူတို့အားနှိမ်နင်းတော်မူပါ စေသော။
Psalms 74:4ကိုယ်တော်ရှင်၏ရန်သူတို့သည်ဗိမာန်တော်ထဲ၌ အောင်သံကြွေးကြော်ကြပါပြီ။ ဗိမာန်တော်တွင်အောင်လံများကိုစိုက်ထူကြ ပါပြီ။
Isaiah 64:9ကျွန်တော်မျိုးတို့အပေါ်၌ အလွန်အမင်း အမျက်ရှတော်မမူပါနှင့်။ သို့မဟုတ်လျှင် လည်းကျွန်တော်မျိုးတို့၏အပြစ်များကို အစဉ်မပြတ်အောက်မေ့သတိရတော်မမူ ပါနှင့်၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင် ၏လူမျိုးတော်ဖြစ်၍ ကျွန်တော်မျိုးတို့ အားသနားတော်မူပါ။-
Jeremiah 4:26ထာဝရဘုရား၏ပြင်းထန်သောအမျက် တော် အရှိန်ကြောင့် မြေသြဇာကောင်းသောပြည်သည်သဲကန္တာရ ဖြစ်လျက်၊ မြို့များသည်လည်းယိုယွင်းပျက်စီး၍နေလေပြီ။