Daniel 11:35
ခေါင်းဆောင်ပညာရှိများအနက်အချို့သူ တို့သည်အသတ်ခံရကြလိမ့်မည်။ သို့ရာတွင် ယင်းသို့အသတ်ခံရကြမှုကြောင့် လူတို့၏ စိတ်နှလုံးသည်ဖြူစင်သန့်ရှင်း၍လာလိမ့်မည်။ ဤအမှုအရာများသည်ဘုရားသခင်ချိန်း ချက်သတ်မှတ်တော်မူသည့်ကာလတိုင် အောင်ဆက်လက်၍ဖြစ်လိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 8:16တောကန္တာရထဲတွင်သင်တို့၏ဘိုးဘေးများမစား ဘူးသောမန္နမုန့်ကိုကျွေးတော်မူ၏။ နောက်ဆုံး၌ သင်တို့ကောင်းချီးခံစားရစေရန် သင်တို့အား ဆင်းရဲဒုက္ခရောက်စေတော်မူ၏။ ထိုသို့ဆင်းရဲဒုက္ခ ရောက်စေရခြင်းအကြောင်းမှာ သင်တို့ကိုစစ် ဆေးရန်ဖြစ်၏။-
Proverbs 17:3ငွေစစ်စရာဘို့မိုက်ကို၎င်း၊ ရွှေစစ်စရာဘို့ မီးဖိုကို ၎င်း သုံးတတ်၏။ စိတ်နှလုံးကိုကား၊ ထာဝရဘုရား စစ်တော်မူ၏။
Daniel 8:17ဂါဗြေလသည်ငါ၏အနီးသို့လာ၍ရပ် လိုက်သောအခါငါသည်လွန်စွာထိတ်လန့် သွားသဖြင့်မြေသို့လဲကျလေသည်။ ဂါဗြေလက``အချင်းလူသား၊ ရူပါရုံ၏ အနက်ကိုနားလည်လော့။ ထိုရူပါရုံသည် ကပ်ကမ္ဘာကုန်ဆုံးချိန်နှင့်သက်ဆိုင်၏'' ဟု ငါ့အားဆို၏။-
Daniel 9:27ထိုမင်းသည်ခုနစ်နှစ်တိုင်တိုင်များစွာ သောလူတို့နှင့် အခိုင်အမာသဘောတူ စာချုပ်ချုပ်ဆိုလိမ့်မည်။ သုံးနှစ်ခွဲမျှ ကြာသောအခါသူသည် ယဇ်နှင့်ပူဇော် သကာများဆက်ကပ်မှုကိုရပ်စဲစေ လိမ့်မည်။ ထိုနောက်ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းသည့်အရာ ကို ဗိမာန်တော်လူမြင်ကွင်းတွင်မြှောက်တင် ထားလိမ့်မည်။ ထိုအရာသည်မြှောက်တင်သူ အတွက် ဘုရားသခင်ပြင်ဆင်စီရင်ထား တော်မူသောဆုံးပါးပျက်စီးချိန်တိုင် အောင် ဗိမာန်တော်တွင်တည်ရှိနေလိမ့်မည်'' ဟုဆို၏။
Daniel 11:29``ထိုနောက်ကာလအတန်ကြာသောအခါ သူသည်အီဂျစ်ပြည်သို့ပြန်လည်ချဉ်းနင်း ဝင်ရောက်လာလိမ့်မည်။ သို့ရာတွင်ယခုတစ် ကြိမ်၌အခြေအနေပြောင်းလဲသွားလိမ့် မည်။-
Daniel 11:40``ဆီးရီးယားဘုရင်၏နန်းသက်ကုန်ဆုံး ချိန်နီးသောအခါ အီဂျစ်ဘုရင်သည်ထို မင်းကိုစစ်ချီတိုက်ခိုက်လိမ့်မည်။ ဆီးရီး ယားဘုရင်ကလည်းမြင်းစီးသူရဲများ နှင့် သင်္ဘောအမြောက်အမြားကိုအသုံး ပြုကာအစွမ်းကုန်ပြန်လည်တိုက်ခိုက် လိမ့်မည်။ သူသည်မြစ်လျှံရေသဖွယ်နိုင်ငံ များစွာကိုချဉ်းနင်းဝင်ရောက်လိမ့်မည်။-