Daniel 11:4
သို့ရာတွင်သူ၏တန်ခိုးအာဏာအကြီး မားဆုံးအချိန်သို့ရောက်သောအခါ အင် ပါယာနိုင်ငံသည်လေးစိတ်ကွဲ၍သွားလိမ့် မည်။ သူ၏အဆက်အနွယ်မဟုတ်သူတို့သည် ထိုနိုင်ငံကိုအုပ်စိုးကြလိမ့်မည်။ သို့ရာတွင် သူတို့သည်ထိုဘုရင်လောက်တန်ခိုးကြီး ကြလိမ့်မည်မဟုတ်။
Common Language Bible
In The King James Version
In Context
Cross References
Job 20:5ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
Psalms 39:6အရိပ်တမျှခဏသာအသက်ရှင်ပါ၏။ သူပြုသမျှသောအမှုအရာတို့သည်ဘာမျှ အကျိုးမရှိ။ သူသည်စည်းစိမ်ဥစ္စာကိုစုဆောင်းသော်လည်း အဘယ်အရာကိုအဘယ်သူရရှိလိမ့်မည်ကို သူမသိ။
Psalms 73:17ကျွန်တော်မျိုးသည်ကိုယ်တော်၏ဗိမာန်တော် ထဲသို့ ရောက်ရှိသည့်အခါကျမှသာလျှင် သူယုတ်မာတို့အဘယ်သို့နိဂုံးချုပ်ရကြ မည်ကို သိရှိနားလည်လာပါ၏။
Ecclesiastes 4:8လူသည်အဘော်အဘက်၊ သားသမီး၊ ညီအစ်ကို မရှိ၊ တယောက်တည်းဖြစ်သော်လည်း၊ ကြိုးစားအားထုတ် ၍ မကုန်နိုင်။ မိမိစည်းစိမ်ကိုမြင်၍ မရောင့်ရဲနိုင်။ ငါသည် ကိုယ်ကိုညှဉ်းဆဲ၍၊ အဘယ်သူအဘို့ ကြိုးစား အားထုတ်သနည်းဟု မမေးတတ်။ ဤအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ပင်ပန်းစေသောအမှုဖြစ်၏။
Jeremiah 12:17သို့ရာတွင်ငါ့စကားကိုနားမထောင်သော လူမျိုးကို ငါသည်အမြစ်မှနုတ်၍ဖျက်ဆီး ပစ်မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Jeremiah 31:40လူသေအလောင်းများနှင့်အမှိုက်များစွန့်ပစ် ရာချိုင့်ဝှမ်းတစ်ခုလုံးသည်လည်းကောင်း၊ အရှေ့ ဘက်မြင်းတံခါးတိုင်အောင်ကေဒြုန်ချောင်း အထက်ရှိလယ်ပြင်အပေါင်းသည်လည်းကောင်း ငါ့အဖို့မြင့်မြတ်သန့်ရှင်းရာဖြစ်လိမ့်မည်။ ဤမြို့တော်ကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှဖြိုချဖျက်ဆီးရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။