Daniel 11:3
``ထိုအခါသူရဲကောင်းအာဇာနည်မင်း တစ်ပါးပေါ်ထွန်းလာလိမ့်မည်။ သူသည် အင်ပါယာနိုင်ငံကြီးကိုအုပ်စိုးလျက် မိမိအလိုဆန္ဒရှိသည်အတိုင်းပြုလိမ့်မည်။-
Common Language Bible
In The King James Version
And a mighty king shall stand up, that shall rule with great dominion, and do according to his will.
In Context
Cross References
Daniel 5:19သူသည်လွန်စွာကြီးမြတ်တော်မူသဖြင့် ဘာ သာစကားအမျိုးမျိုးပြောဆိုသူလူမျိုး အသီးသီးနှင့် နိုင်ငံအသီးသီးတို့ရှိလူ အပေါင်းတို့သည်ကြောက်လန့်တုန်လှုပ်ကြ ပါ၏။ သူသည်မိမိကွပ်မျက်လိုသူကိုကွပ် မျက်၍အသက်ရှင်စေလိုသူကိုရှင်စေ တော်မူခဲ့ပါ၏။ ချီးမြှောက်လိုသူကိုချီး မြှောက်၍နှိမ့်ချလိုသူကိုနှိမ့်ချတော်မူ ခဲ့ပါ၏။-
Daniel 8:4ထိုသိုးသည်ဦးချိုဖြင့်အနောက်၊ တောင်၊ မြောက် အရပ်သုံးမျက်နှာသို့ခတ်ဝှေ့၍နေသည် ကိုငါကြည့်လျက်နေမိ၏။ သူ့အားအဘယ် တိရစ္ဆာန်မျှမဆီးတားနိုင်။ သူ၏လက်တွင်း မှလွတ်မြောက်အောင်လည်းမတတ်နိုင်။ သူ သည်မိမိအလိုရှိသည်အတိုင်းပြုကာ မာန်မာနထောင်လွှားလာလေသည်။
Daniel 8:21ဆိတ်သည်ဂရိတ်နိုင်ငံဖြစ်၏။ သူ၏မျက်စိ များအကြားမှငေါ၍ထွက်နေသောဦးချို ကား ထိုနိုင်ငံ၏ပထမမြောက်ဘုရင်ဖြစ်၏။-
Daniel 11:36``ဆီးရီးယားဘုရင်သည်မိမိ၏စိတ်ဆန္ဒရှိ သည်အတိုင်းပြုလိမ့်မည်။ မိမိသည်ဘုရား အပေါင်းတို့ထက်ကြီးမြတ်သည်ဟူ၍လည်း ကောင်း၊ အမြင့်မြတ်ဆုံးသောဘုရားသခင်ထက် ပင်ကြီးမြတ်သည်ဟူ၍လည်းကောင်း ကြွားဝါ ပြောဆိုလိမ့်မည်။ သူသည်မိမိအားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူချိန်တိုင်အောင် ဤသို့ကြွားဝါနိုင်လိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်သည်မိမိအကြံ အစည်တော်ရှိသည်အတိုင်းပြုတော်မူ မည်ဖြစ်သောကြောင့်တည်း။-
Hebrews 2:4တစ်ချိန်တည်းမှာပင်ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် ထူးဆန်းသောတန်ခိုးအမျိုးမျိုးတို့ကို ပြတော်မူခြင်းအားဖြင့်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်သည်မိမိအလိုတော် အတိုင်း ဆုကျေးဇူးများကိုဝေငှတော်မူ ခြင်းအားဖြင့်လည်းကောင်းထပ်လောင်း သက်သေပြတော်မူ၏။