Daniel 11:43
သူသည်အီဂျစ်ပြည်တွင်လျှို့ဝှက်ထား သည့်ရွှေငွေဘဏ္ဍာများနှင့် အခြားအဖိုး ထိုက်သည့်ပစ္စည်းဥစ္စာများကိုသိမ်းယူသွား လိမ့်မည်။ လစ်ဗျားနှင့်ဆူဒန်နိုင်ငံတို့ကို လည်းနှိမ်နင်းအောင်မြင်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Judges 4:10ဗာရက်သည်နဿလိအနွယ်ဝင်နှင့်ဇာဗုလုန် အနွယ်ဝင်တို့ကို ကေဒေရှမြို့သို့ခေါ်ယူရာ သူ၏နောက်သို့လူပေါင်းတစ်သောင်းလိုက်ကြ ၏။ ဒေဗောရသည်လည်းသူနှင့်အတူလိုက် လေသည်။
Jeremiah 46:9မြင်းများတို့တက်ကြလော့။ ရထားများတို့၊အပြင်းနှင်ကြလော့။ ဒိုင်းလွှားကိုင်ဆောင်သူဆူဒန်ပြည်သားနှင့် လစ်ဗျားပြည်သားတို့လုဒပြည်သားလေး သည်တော် အစရှိသည့် စစ်သည်တော်တို့ထွက်သွားကြလော့' ဟုဆို၏'' ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏။
Ezekiel 38:5ပါရှပြည်သား၊ ကုရှပြည်သားနှင့်ဖုတ ပြည်သားတို့သည်သူနှင့်အတူလိုက်ပါ လာကြ၏။ သူတို့အားလုံးပင်ဒိုင်းလွှား များကိုကိုင်ဆောင်ကာသံခမောက်များ ကိုဆောင်းထားကြ၏။-