Daniel 11:44
ထိုနောက်သူသည်အရှေ့မျက်နှာအရပ် နှင့်မြောက်မျက်နှာအရပ်တို့မှရောက်ရှိ လာသောသတင်းများကြောင့် ထိတ်လန့်၍ ပြင်းထန်စွာတိုက်ခိုက်သဖြင့်လူအမြောက် အမြားကိုဆုံးပါးစေလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Ezekiel 38:9သူနှင့်စစ်သည်ဗိုလ်ခြေတို့သည်လည်းကောင်း၊ သူနှင့်အတူလိုက်ပါလာသည့်လူမျိုးတကာ တို့သည်လည်းကောင်း၊ ထိုပြည်ကိုမုန်တိုင်း သဖွယ်တိုက်ခိုက်ကာမိုးတိမ်သဖွယ်လွှမ်းမိုး ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Daniel 11:30ရောမအမျိုးသားတို့သည်သင်္ဘောများဖြင့် လာရောက်၍ သူ့အားဆီးတားတိုက်ခိုက်ကြ မည်ဖြစ်သဖြင့်သူသည်ကြောက်လန့်လိမ့်မည်။ ``ထိုအခါသူသည်အမျက်ပြင်းစွာထွက် လျက်နောက်သို့ပြန်၍ဆုတ်ပြီးလျှင် ဘုရားသခင်၏လူမျိုးတော်ကိုးကွယ်သောဘာသာ ကိုဖျက်ဆီးရန်ကြိုးစားလိမ့်မည်။ ထိုဘာသာ တော်ကိုစွန့်လွှတ်ခဲ့သူတို့၏အကြံပေး စကားများကိုလည်းနားထောင်လိမ့်မည်။-
Revelation 17:13ထိုဘုရင်များတွင်ရည်ရွယ်ချက်တစ်ခုတည်းရှိ ၏။ သူတို့သည်မိမိတို့တန်ခိုးအာဏာများကို သားရဲသို့ပေးအပ်ကြ၏။-