Daniel 12:10
လူအမြောက်အမြားတို့သည်စိတ်နှလုံးသန့် ရှင်းဖြူစင်လာကြလိမ့်မည်။ သူယုတ်မာတို့ သည်ကားအသိတရားမရှိဘဲဆက်လက် ယုတ်မာလျက်နေကြလိမ့်မည်။ ပညာရှိသူ များသာလျှင်အသိတရားကိုရရှိကြ လိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Psalms 51:7ကျွန်တော်မျိုး၏အပြစ်ကိုဖယ်ရှားတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်သန့်စင်ပါလိမ့်မည်။ ကျွန်တော်မျိုးအားဆေးကြောတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်မိုးပွင့်ထက်ပင် ပို၍ဖြူပါလိမ့်မည်။
Proverbs 1:5ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာ အတတ်တိုးပွါးရလိမ့်မည်။
Isaiah 1:18ထာဝရဘုရားက``သင်တို့၏အမှုကို ယခုစဉ်းစားဆုံးဖြတ်ကြပါစို့။ သင်တို့သည်အပြစ်သွေးစွန်းလျက်ရှိကြ၏။ သို့ရာတွင်ငါသည်သင်တို့အားမိုးပွင့်ကဲ့သို့ဖြူစင်အောင် ဆေးကြောတော်မူမည်။ သင်တို့သည်အပြစ်သွေးဖြင့်နီမြန်းလျက်နေသော်လည်း ဝါဂွမ်းကဲ့သို့ဖြူဖွေး၍လာလိမ့်မည်။-
Ezekiel 36:25ငါသည်သင်တို့ကိုသန့်စင်သောရေဖြင့်ပက် ဖြန်း၍ သင်တို့၏ရုပ်တုများနှင့်အခြား ညစ်ညမ်းသည့်အရာရှိသမျှမှသန့်စင် သွားစေမည်။-
Daniel 11:33ပြည်သူတို့၏ခေါင်းဆောင်ပညာရှိတို့သည် ပြည်သူတို့အား ရှေ့ဆောင်လမ်းပြပေးကြ လိမ့်မည်။ သို့သော်ကာလအတန်ကြာမျှထို သူတို့အနက်အချို့သောသူတို့သည် စစ်ပွဲ တွင်ကျဆုံး၍အချို့မှာမီးလောင်တိုက် အသွင်းခံကြရလိမ့်မည်။ အချို့သောသူ တို့သည်လုယက်ခြင်းနှင့်ဖမ်းဆီးချုပ်နှောင် ခြင်းကိုခံရကြလိမ့်မည်။-
Daniel 12:3ခေါင်းဆောင်ပညာရှိတို့သည် မိုးကောင်းကင် ၏အလင်းရောင်ကဲ့သို့ကြည်လင်တောက်ပ ကြလိမ့်မည်။ လူအမြောက်အမြားအား အမှန်တရားကိုကျင့်သုံးရန် သွန်သင်ပေး ကြသူတို့သည်လည်းကြယ်တာရာများကဲ့ သို့ ထာဝစဉ်ထွန်းလင်းတောက်ပကြလိမ့် မည်။'' ဟုဆို၏။