Psalms 51:7
ကျွန်တော်မျိုး၏အပြစ်ကိုဖယ်ရှားတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်သန့်စင်ပါလိမ့်မည်။ ကျွန်တော်မျိုးအားဆေးကြောတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်မိုးပွင့်ထက်ပင် ပို၍ဖြူပါလိမ့်မည်။
Common Language Bible
In The King James Version
Purge me with hyssop, and I shall be clean: wash me, and I shall be whiter than snow.
In Context
Cross References
Exodus 12:22ထိုနောက်ဟုဿုပ်ညွန့်တစ်စည်းကိုယူ၍အင်တုံ ထဲရှိသိုး၏သွေး၌နှစ်ပြီးလျှင် တံခါးထုပ်နှင့် တံခါးတိုင်နှစ်တိုင်တို့ကိုသုတ်ရမည်။ နံနက် ချိန်သို့ရောက်သည့်တိုင်အောင်မည်သူမျှမိမိ အိမ်အပြင်သို့မထွက်ရ။-
Leviticus 14:49ထိုအိမ်အတွက်သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ရန်သူသည်ငှက်နှစ်ကောင်၊ သစ်ကတိုး သား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်စသည်တို့ကို ယူဆောင်ခဲ့ရမည်။-
Job 14:4မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။
Isaiah 1:18ထာဝရဘုရားက``သင်တို့၏အမှုကို ယခုစဉ်းစားဆုံးဖြတ်ကြပါစို့။ သင်တို့သည်အပြစ်သွေးစွန်းလျက်ရှိကြ၏။ သို့ရာတွင်ငါသည်သင်တို့အားမိုးပွင့်ကဲ့သို့ဖြူစင်အောင် ဆေးကြောတော်မူမည်။ သင်တို့သည်အပြစ်သွေးဖြင့်နီမြန်းလျက်နေသော်လည်း ဝါဂွမ်းကဲ့သို့ဖြူဖွေး၍လာလိမ့်မည်။-
Ephesians 5:26ကိုယ်တော်သည်မိမိအသက်ကိုစွန့်တော်မူခြင်း မှာအသင်းတော်ကိုရေဖြင့်သန့်ရှင်းစေပြီးလျှင် နှုတ်ကပတ်တော်ဖြင့်ဘုရားသခင်အားဆက် ကပ်တော်မူသဖြင့်၊-
Hebrews 9:19မောရှေသည်ပညတ်တရားတော်တွင်ပါရှိသည့် ပညတ်ရှိသမျှတို့ကိုလူအပေါင်းတို့အား ကြေညာပြီးသောအခါ သိုးမွေးနီနှင့်ဟုဿုတ် ပင်ခက်ကိုအသုံးပြုကာရေနှင့်ရောသောနွား သွေး၊ ဆိတ်သွေးဖြင့်ပညတ်ကျမ်းစာလိပ်ကို လည်းကောင်း၊ လူအပေါင်းတို့ကိုလည်းကောင်း ပက်ဖျန်းလေသည်။-