Daniel 12:4
ထိုသူက``အချင်းဒံယေလ၊ သင်သည်ဤစာ စောင်ကိုပိတ်၍ ကမ္ဘာကုန်ဆုံးချိန်တိုင်အောင် တံဆိပ်ခတ်နှိပ်ထားလော့။ ဤအတောအတွင်း ၌လူအများပင်ဖြစ်ပျက်နေဆဲအမှု အရာတို့ကိုသိရှိနားလည်နိုင်ရန် အချည်း နှီးကြိုးစားအားထုတ်ကြလိမ့်မည်'' ဟု ဆို၏။
Common Language Bible
In The King James Version
In Context
5ထိုနောက်ငါဒံယေလသည်မြစ်ကမ်းတစ် ဖက်တစ်ချက်၌ လူတစ်ယောက်စီရပ်လျက် နေသည်ကိုမြင်ရ၏။-
Cross References
Isaiah 8:16ငါ၏တပည့်တို့သည်ငါ့အားဘုရားသခင် ပေးတော်မူသောဗျာဒိတ်တော်များကို စောင့်ရှောက်ထိန်းသိမ်းရကြပေမည်။-
Isaiah 29:11ဗျာဒိတ်ရူပါရုံမှန်သမျှ၏အနက်အဋ္ဌိပ္ပါယ် များသည် တံဆိပ်ခတ်နှိပ်ထားသည့်စာလိပ်ကဲ့ သို့ သင်တို့အတွက်ဖုံးကွယ်၍နေလိမ့်မည်။ စာ ဖတ်တတ်သူတစ်ဦးအားသင်အဖတ်ခိုင်းပါ မူ ထိုသူက``ဤစာလိပ်ကိုတံဆိပ်ခတ်နှိပ်ထား သဖြင့် အကျွန်ုပ်ဖတ်၍မရပါ'' ဟုဆို လိမ့်မည်။-
Isaiah 30:26လသည်နေတမျှထွန်းလင်းတောက်ပလျက် နေသည်လည်း ခုနစ်စင်းပြိုင်တူထွက်သကဲ့ သို့ ခါတိုင်းထက်ခုနစ်ဆထွန်းလင်းတောက်ပ လိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော် ရရှိခဲ့သည်ဒဏ်ရာဒဏ်ချက်များကိုအဝတ် နှင့်ပတ်စည်း၍ အနာများကိုကုသပျောက် ကင်းစေတော်မူသောအခါ၊ ဤအမှုအရာ အပေါင်းသည်ဖြစ်ပျက်၍လာလိမ့်မည်။
Daniel 8:17ဂါဗြေလသည်ငါ၏အနီးသို့လာ၍ရပ် လိုက်သောအခါငါသည်လွန်စွာထိတ်လန့် သွားသဖြင့်မြေသို့လဲကျလေသည်။ ဂါဗြေလက``အချင်းလူသား၊ ရူပါရုံ၏ အနက်ကိုနားလည်လော့။ ထိုရူပါရုံသည် ကပ်ကမ္ဘာကုန်ဆုံးချိန်နှင့်သက်ဆိုင်၏'' ဟု ငါ့အားဆို၏။-
Daniel 8:26ညဥ့်ဦးယံ၊ နံနက်ယံပူဇော်ရာယဇ်များ နှင့်သက်ဆိုင်၍ သင့်အားငါရှင်းလင်းပြသည့် ဤရူပါရုံသည်အကောင်အထည်ပေါ်လာ လိမ့်မည်။ သို့ရာတွင်ယင်းသို့အကောင်အထည် ပေါ်ရန်အချိန်များစွာလိုသေးသဖြင့်ထို ရူပါရုံကိုလျှို့ဝှက်၍ထားလော့'' ဟုဆို၏။
Daniel 11:33ပြည်သူတို့၏ခေါင်းဆောင်ပညာရှိတို့သည် ပြည်သူတို့အား ရှေ့ဆောင်လမ်းပြပေးကြ လိမ့်မည်။ သို့သော်ကာလအတန်ကြာမျှထို သူတို့အနက်အချို့သောသူတို့သည် စစ်ပွဲ တွင်ကျဆုံး၍အချို့မှာမီးလောင်တိုက် အသွင်းခံကြရလိမ့်မည်။ အချို့သောသူ တို့သည်လုယက်ခြင်းနှင့်ဖမ်းဆီးချုပ်နှောင် ခြင်းကိုခံရကြလိမ့်မည်။-