Daniel 2:21
ကိုယ်တော်သည်အချိန်ကာလနှင့်ရာသီဥတု တို့ကို အစိုးရတော်မူ၏။ ဘုရင်တို့အားနန်းတင်နန်းချတော်မူ၏။ ကိုယ်တော်သည်လူတို့အားဉာဏ်ပညာနှင့် အသိတရားကိုပေးတော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 31:3သူသည် ရွှေ၊ ငွေ၊ ကြေးဝါတို့ကိုပုံအမျိုးမျိုး ဖော်လုပ်နိုင်သောအတတ်၊ ကျောက်မျက်တို့ ကိုသွေး၍စီခြယ်သောအတတ်၊ သစ်သား ပန်းပုထုသောအတတ်အစရှိသည့်အနု ပညာအတတ်အမျိုးမျိုးတို့ကိုကျွမ်းကျင် ပြောင်မြောက်စေခြင်းငှာ၊ ငါသည်သူ့အား အစွမ်းတန်ခိုးကိုပေးတော်မူပြီ။-
1 Samuel 2:7ကိုယ်တော်သည်လူအချို့တို့ကိုဆင်းရဲစေ၍ အချို့တို့ကိုချမ်းသာစေတော်မူ၏။ အချို့တို့ကိုနှိမ့်ချ၍အချို့တို့ကိုချီး မြှင့်တော်မူ၏။
1 Kings 3:28ရှောလမုန်၏စီရင်ဆုံးဖြတ်ချက်ကို ဣသရေလ ပြည်သူပြည်သားတို့ကြားကြသောအခါ ဘုရား သခင်သည်မင်းကြီးအားတရားမျှတစွာစီရင် ဆုံးဖြတ်နိုင်သောဉာဏ်ပညာကိုပေးတော်မူ ကြောင်းသိရှိလျက် မင်းကြီးအားလွန်စွာရိုသေ ကြ၏။
1 Kings 10:24ထို့ကြောင့်ကမ္ဘာအရပ်ရပ်မှလူတို့သည်မင်းကြီး အား ထာဝရဘုရားပေးတော်မူသောဉာဏ်ပညာ ဖြင့် မြွက်ဆိုသည့်စကားများကိုကြားနာရန် လာရောက်ကြ၏။-
1 Chronicles 29:30ထိုပရောဖက်တို့သည်ဒါဝိဒ်မင်းတိုင်းပြည်ကို အုပ်စိုးပုံနှင့်တန်ခိုးကြီးပုံတို့ကိုလည်းကောင်း၊ သူကြုံတွေ့ရသောအဖြစ်အပျက်များနှင့် တကွဣသရေလနိုင်ငံနှင့်အနီးတစ်ဝိုက် ရှိတိုင်းပြည်များ၏အဖြစ်အပျက်မှန်သမျှ တို့ကိုလည်းကောင်းဖော်ပြကြလေသည်။ ရာဇဝင်ချုပ်ပထမစောင်ပြီး၏။
Esther 1:13ဘုရင်တို့မည်သည် ငြိမ်ဝပ်ပိပြားရေးဆိုင် ရာပြဿနာများနှင့်ပတ်သက်၍ တရား ဥပဒေသကျွမ်းကျင်သူတို့၏အကြံ ဉာဏ်ကိုတောင်းခံကြစမြဲဖြစ်သည်နှင့် အညီ မင်းကြီးသည်ဤအမှုကိစ္စတွင် အဘယ်သို့ဆောင်ရွက်သင့်သည်ကိုမေး မြန်းရန်အကြံပေးအရာရှိများကို ခေါ်ယူတော်မူ၏။-