Daniel 2:47
မင်းကြီးက``သင်သည်ဤလျှို့ဝှက်ခက်ခဲ သောအမှုတို့ကိုဖြေရှင်းနိုင်သည်ဖြစ်၍ သင်၏ဘုရားသခင်သည်ဘုရားတကာ တို့ထက်ကြီးမြတ်တော်မူပါ၏။ ဘုရင် တကာတို့ကိုအစိုးရသောအရှင်၊ လျှို့ ဝှက်ခက်ခဲသောအရာတို့ကိုဖွင့်ပြတော် မူသောအရှင်ဖြစ်တော်မူပါ၏'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 41:39ဘုရင်ကယောသပ်အား``ဘုရားကသင့်အား ဤအမှုအရာတို့ကိုဖွင့်ပြတော်မူသည်ဖြစ် ၍ သင့်ထက်ဉာဏ်ပညာအမြော်အမြင်သာ သူမရှိနိုင်။-
Joshua 22:22``တန်ခိုးကြီးသောအရှင်သည်ဘုရားဖြစ် တော်မူ၏။ ကိုယ်တော်သည်ထာဝရဘုရား ဖြစ်တော်မူ၏။ တန်ခိုးကြီးသောအရှင်သည် ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ထာဝရ ဘုရားဖြစ်တော်မူ၏။ ငါတို့၏ယဇ်ပလ္လင်ကို အဘယ်ကြောင့်တည်ရကြောင်းကိုကိုယ်တော် သိတော်မူ၏။ သင်တို့အားလည်းသိစေလို ပါသည်။ ငါတို့သည်ထာဝရဘုရားအား ပုန်ကန်၍ သစ္စာတော်ကိုမစောင့်ထိန်းလျှင် အသက်ချမ်းသာခွင့်မပေးပါနှင့်။-
Job 12:19ယဇ်ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်းသွား၍၊ သူရဲတို့ကိုလည်း ရှုံးစေတော်မူ၏။
Psalms 72:11ဘုရင်အပေါင်းတို့သည်မင်းကြီး၏ရှေ့တော်တွင် ပျပ်ဝပ်ကြပါလိမ့်မည်။ လူမျိုးတကာတို့သည်လည်းမင်းကြီး၏ အစေကို ခံကြပါလိမ့်မည်။
Psalms 96:4ထာဝရဘုရားသည်ကြီးမြတ်တော်မူသည် ဖြစ်၍ အလွန်ပင်ထောမနာပြုခြင်းကိုခံထိုက်တော် မူ၏။ ကိုယ်တော်သည်ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေခြင်းကိုခံထိုက်တော်မူ၏။
Proverbs 8:15ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသော အခွင့်၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသော အခွင့်ရှိ ကြ၏။