Daniel 2:48
ထိုနောက်မင်းကြီးသည်ဒံယေလအားကြီး မြင့်သောရာထူးဖြင့်ချီးမြှင့်တော်မူပြီး လျှင် အဖိုးတန်ဆုတော်လာဘ်တော်အမြောက် အမြားကိုပေးအပ်ကာဗာဗုလုန်နိုင်ငံရှိ အတိုင်ပင်ခံအရာရှိအပေါင်းတို့၏ခေါင်း ဆောင်အဖြစ်ဖြင့်လည်းကောင်း၊ ဗာဗုလုန် ပြည်နယ်ကိုအုပ်စိုးရသောမင်းအဖြစ် ဖြင့်လည်းကောင်းခန့်ထားတော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 41:41ယခုငါသည်သင့်အားအီဂျစ်တစ်ပြည်လုံး ကိုအုပ်စိုးရသောဘုရင်ခံအဖြစ်ခန့်အပ်သည်'' ဟုမိန့်မြွက်လေ၏။-
Numbers 22:16သူတို့သည်ဗာလမ်ထံသို့သွား၍``ငါ့ထံလာ ဖြစ်အောင်လာပါလော့။-
1 Samuel 17:25``သူ့အားကြည့်ကြလော့။ သူကြိမ်းဝါးသည် ကိုလည်းနားထောင်ကြလော့။ ရှောလုမင်း သည်ထိုသူ့ကိုသတ်ဖြတ်နိုင်သူအားဆု တော်လာဘ်တော်ကိုပေးတော်မူမည်ဟုကတိ ပြုထား၏။ မင်းကြီးသည်ထိုသူအား သမီး တော်နှင့်လည်းထိမ်းမြားစုံဖက်တော်မူပါ လိမ့်မည်။ ထို့ပြင်သူ့ဖခင်၏အိမ်ထောင်စုကို အခွန်တော်များလွတ်ငြိမ်းခွင့်ပြုတော်မူ လိမ့်မည်'' ဟုအချင်းချင်းပြောဆိုနေ ကြ၏။
2 Samuel 19:32ဗာဇိလဲသည်အသက်ရှစ်ဆယ်ရှိ၍အလွန် အိုမင်းနေလေပြီ။ သူသည်အလွန်ကြွယ်ဝ ချမ်းသာသူဖြစ်သဖြင့် မဟာနိမ်မြို့တွင် မင်းကြီးစခန်းချနေစဉ်အခါကစားနပ် ရိက္ခာထောက်ပံ့ခဲ့သူဖြစ်၏။-
Job 1:3သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။
Daniel 2:6သို့ရာတွင်အကယ်၍သင်တို့သည်ငါ၏ အိပ်မက်ကိုလည်းကောင်း၊ အနက်ကိုလည်း ကောင်းဖော်ပြနိုင်ပါက ငါသည်သင်တို့ အားဆုလာဘ်များပေး၍ဂုဏ်ပြုချီးမြှင့် မည်။ သို့ဖြစ်၍အိပ်မက်ကိုလည်းကောင်း၊ အိပ်မက်၏အနက်ကိုလည်းကောင်းဖော် ပြကြလော့'' ဟုမိန့်တော်မူ၏။