Daniel 3:4
သံတော်ဆင့်တစ်ဦးက``ဘာသာစကား အမျိုးမျိုးကိုပြောဆိုကြသောလူမျိုး အသီးသီးနှင့်နိုင်ငံအသီးသီးကလူ အပေါင်းတို့၊-
Common Language Bible
In The King James Version
Then an herald cried aloud, To you it is commanded, O people, nations, and languages,
In Context
3အရာရှိအပေါင်းတို့သည်ရွှေရုပ်ကြီး ၏ရှေ့တွင်ရပ်နေကြသောအခါ၊-
Cross References
Esther 8:9ဤသို့ဖြစ်ပျက်သည်မှာသိဝန်ခေါ်တတိယ လ၊ နှစ်ဆယ့်သုံးရက်နေ့၌ဖြစ်၏။ မော်ဒကဲ သည်မင်းကြီး၏အတွင်းဝန်များကိုခေါ် ယူကာယုဒအမျိုးသားတို့ထံသို့လည်း ကောင်း၊ အိန္ဒိယပြည်မှအဲသရောပိပြည် တိုင်အောင်တစ်ရာ့နှစ်ဆယ့်ခုနစ်ပြည်နယ် ရှိဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများ နှင့်မင်းအရာရှိများထံသို့အမှာစာ များရေးသားရန်နှုတ်တိုက်ချပေးလေ သည်။ ထိုစာများကိုပြည်နယ်အသီးသီး တွင်အသုံးပြုသည့်ဘာသာစကား များဖြင့်လည်းကောင်း၊ ယုဒအမျိုးသား တို့အတွက်ယုဒဘာသာဖြင့်လည်း ကောင်းရေးသားထားသတည်း။-
Isaiah 40:9အို ယေရုရှလင်မြို့၊ မြင့်သောတောင်ပေါ်သို့တက်၍၊ သတင်းကောင်းကိုကြေညာလော့။ အို ဇိအုန်တောင်၊ အသံကျယ်စွာဟစ်၍သတင်းကောင်းကို ကြေညာလော့။ မကြောက်နှင့်၊ ပွင့်လင်းစွာပြောကြားလော့။ ယုဒမြို့များအားသူတို့၏ဘုရားသခင် ကြွလာစေတော်မူမည့်အကြောင်းကိုပြောကြားလော့။
Daniel 4:1နေဗုခဒ်နေဇာမင်းသည်ကမ္ဘာပေါ်ရှိဘာသာ စကားအမျိုးမျိုးကို ပြောဆိုသောလူမျိုး အပေါင်းတို့ထံသို့ သဝဏ်လွှာတစ်စောင်ကို အောက်ပါအတိုင်းပေးပို့တော်မူ၏။ ``သင်တို့သည်ချမ်းမြေ့သာယာကြပါစေ သော။-
Daniel 6:25ထိုနောက်ဒါရိမင်းသည်ကမ္ဘာပေါ်ရှိဘာသာ စကားအမျိုးမျိုးပြောဆိုသူလူမျိုးအသီး သီးနှင့် နိုင်ငံအသီးသီးရှိလူအပေါင်းတို့ ထံသို့သဝဏ်လွှာတစ်စောင်ရေးသားပေး ပို့တော်မူ၏။ ထိုသဝဏ်လွှာတွင်``သင်တို့သည်ချမ်းမြေ့ သာယာကြပါစေသော။-
Micah 6:16သင်တို့သည်သြမရိဘုရင်နှင့်သူ၏သား အာဟပ်မင်းတို့၏ ဆိုးညစ်သည့်စရိုက်ကို လိုက်၍ကျင့်ကြသဖြင့် ထိုပျက်စီးဆုံးရှုံး ခြင်းနှင့်တွေ့ကြုံရလိမ့်မည်။ လူတိုင်းက သင်တို့ကိုကဲ့ရဲ့ကြလိမ့်မည်။ လူမျိုး တကာတို့သည်သင်တို့ကိုသရော်ကြ လိမ့်မည်။''