Daniel 6:25
ထိုနောက်ဒါရိမင်းသည်ကမ္ဘာပေါ်ရှိဘာသာ စကားအမျိုးမျိုးပြောဆိုသူလူမျိုးအသီး သီးနှင့် နိုင်ငံအသီးသီးရှိလူအပေါင်းတို့ ထံသို့သဝဏ်လွှာတစ်စောင်ရေးသားပေး ပို့တော်မူ၏။ ထိုသဝဏ်လွှာတွင်``သင်တို့သည်ချမ်းမြေ့ သာယာကြပါစေသော။-
Common Language Bible
In The King James Version
In Context
Cross References
Ezra 1:1ပေရသိဘုရင်ကုရုသည်ဧကရာဇ် မင်းအဖြစ်နန်းစံပထမနှစ်၌ထာဝရဘုရားသည် သူ၏စိတ်ကိုနှိုးဆော်တော်မူသဖြင့် အင်ပါယာနိုင်ငံတစ်လျှောက်လုံးတွင်ကြေညာရန်အမိန့်စာထုတ်ပြန်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာပရောဖက်ယေရမိအားဖြင့် ထာဝရဘုရားပေးတော်မူသည့်ဗျာဒိတ်တော်နှင့်အညီ ဖြစ်ပျက်လာစေရန်ပင်ဖြစ်ပေသည်။
Esther 3:12ပထမလ၊ ဆယ့်သုံးရက်နေ့၌ဟာမန်သည် မင်းကြီး၏အတွင်းဝန်များကိုခေါ်၍ အမိန့် ကြေငြာချက်ရေးသားရန်နှုတ်တိုက်ချ၍ ပေးလေသည်။ ထိုနောက်ထိုအမိန့်ကိုအင် ပါယာနိုင်ငံတော်အတွင်းရှိလူအမျိုး မျိုးတို့၏ဘာသာစကားသို့ပြန်ဆိုရေး သားစေ၍အုပ်ချုပ်သူများ၊ ဘုရင်ခံများ နှင့်မင်းအရာရှိထံသို့ပေးပို့၏။ ထိုအမိန့် တော်ကိုဇေရဇ်မင်း၏နာမည်နှင့်ထုတ် ပြန်ကာ ဘုရင့်တံဆိပ်တော်ခတ်နှိပ်ထား လေသည်။-
Esther 8:9ဤသို့ဖြစ်ပျက်သည်မှာသိဝန်ခေါ်တတိယ လ၊ နှစ်ဆယ့်သုံးရက်နေ့၌ဖြစ်၏။ မော်ဒကဲ သည်မင်းကြီး၏အတွင်းဝန်များကိုခေါ် ယူကာယုဒအမျိုးသားတို့ထံသို့လည်း ကောင်း၊ အိန္ဒိယပြည်မှအဲသရောပိပြည် တိုင်အောင်တစ်ရာ့နှစ်ဆယ့်ခုနစ်ပြည်နယ် ရှိဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများ နှင့်မင်းအရာရှိများထံသို့အမှာစာ များရေးသားရန်နှုတ်တိုက်ချပေးလေ သည်။ ထိုစာများကိုပြည်နယ်အသီးသီး တွင်အသုံးပြုသည့်ဘာသာစကား များဖြင့်လည်းကောင်း၊ ယုဒအမျိုးသား တို့အတွက်ယုဒဘာသာဖြင့်လည်း ကောင်းရေးသားထားသတည်း။-
Psalms 9:16ထာဝရဘုရားသည်ဖြောင့်မှန်စွာ တရားစီရင်တော်မူခြင်းအားဖြင့်မိမိကိုယ် ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။ သူယုတ်မာတို့သည်မိမိတို့၏အကျင့်များ အားဖြင့် ပြန်၍ကျော့မိကြကုန်၏။
Daniel 4:1နေဗုခဒ်နေဇာမင်းသည်ကမ္ဘာပေါ်ရှိဘာသာ စကားအမျိုးမျိုးကို ပြောဆိုသောလူမျိုး အပေါင်းတို့ထံသို့ သဝဏ်လွှာတစ်စောင်ကို အောက်ပါအတိုင်းပေးပို့တော်မူ၏။ ``သင်တို့သည်ချမ်းမြေ့သာယာကြပါစေ သော။-
2 Peter 1:2ဘုရားသခင်နှင့်ငါတို့အရှင်ဖြစ်တော်မူသော သခင်ယေရှုခရစ်ကိုသိကျွမ်းရခြင်းအားဖြင့် သင်တို့သည်ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်း ကိုအပြည့်အဝခံစားရကြပါစေသတည်း။