Daniel 4:11
ထိုသစ်ပင်သည်ကမ္ဘာမြေပေါ်တွင်ရှိသမျှ သောလူအပေါင်းတို့မြင်ရကြသည်တိုင် အောင် မိုးကောင်းကင်အထိမြင့်မားလာ လေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 11:4သူတို့က``မိုးထိအောင်မြင့်သောရဲတိုက်နှင့် တကွမြို့ကြီးကိုတည်ဆောက်ကြကုန်အံ့။ ဤ နည်းအားဖြင့်ငါတို့သည်ထင်ရှားကျော်ကြား လာ၍ ကမ္ဘာအရပ်ရပ်သို့မကွဲမလွင့်ဘဲရှိ လိမ့်မည်'' ဟုဆိုလေ၏။
Ezekiel 31:5အာရစ်ပင်သည်ရေအလုံအလောက်ရရှိ သဖြင့် အခြားသစ်ပင်များထက်ပိုမိုမြင့်မား၏။ အကိုင်းအခက်များသည်လည်းရှည်လျား၏။
Daniel 4:21ထိုအပင်၏အကိုင်းအခက်များသည်လှပ ဝေဆာလျက် အသီးလည်းပေါများသဖြင့် ကမ္ဘာတစ်ဝန်းလုံးစားသုံးနိုင်၏။ ထိုအပင် အောက်တွင်တောတိရစ္ဆာန်များနားနေကြ၏။ အကိုင်းအခက်များတွင်ငှက်တို့အသိုက်လုပ် ကြ၏။