ကမ္ဘာဦးကျမ်း 11:4
သူတို့က``မိုးထိအောင်မြင့်သောရဲတိုက်နှင့် တကွမြို့ကြီးကိုတည်ဆောက်ကြကုန်အံ့။ ဤ နည်းအားဖြင့်ငါတို့သည်ထင်ရှားကျော်ကြား လာ၍ ကမ္ဘာအရပ်ရပ်သို့မကွဲမလွင့်ဘဲရှိ လိမ့်မည်'' ဟုဆိုလေ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 6:4ကမ္ဘာပေါ်တွင်ထိုကာလနှင့်နောက်ပိုင်းကာလ၌ လူတို့၏သမီးများနှင့်အထက်ဘုံသားတို့မှ ပေါက်ဖွားလာသောသူများရှိကြ၏။ ထိုသူတို့ သည်ကိုယ်ခန္ဓာအလွန်ထွားကြိုင်း၍ ရှေးခေတ် အခါကနာမည်ကျော်လူစွမ်းကောင်းများ ဖြစ်ကြ၏။
Deuteronomy 1:28ငါတို့သည်အဘယ်ကြောင့် ထိုပြည်သို့သွား ရပါမည်နည်း။ ငါတို့သည်ကြောက်ရွံ့ပါ၏။ ငါတို့စေလွှတ်လိုက်သောသူများပြောကြား ချက်အရ ထိုပြည်သားတို့သည်ငါတို့ထက် ခွန်အားကြီး၍ အရပ်အမောင်းလည်းမြင့်မား သည်။ သူတို့သည်မိုးထိအောင်မြင့်သောမြို့ရိုး အတွင်း၌နေထိုင်ကြသည်။ အလွန်ထွား ကြိုင်းသောသူများကိုတွေ့မြင်ခဲ့ကြသည်' ဟူ၍သင်တို့ပြောဆိုညည်းညူကြသည်။
Deuteronomy 9:1``ဣသရေလအမျိုးသားတို့နားထောင်ကြ လော့။ သင်တို့သည်ယနေ့ယော်ဒန်မြစ်တစ်ဘက် သို့ကူးပြီးလျှင် သင်တို့ထက်များပြား၍အင် အားကြီးသောလူမျိုးများ၏ပြည်ကိုသိမ်း ယူရတော့မည်။ သူတို့၏မြို့တို့သည်ကြီး၍ မိုးထိမြင့်သောမြို့ရိုးဖြင့်ကာကွယ်ထား၏။-
Psalms 49:11အခါတစ်ပါးကသူတို့သည်မြေပိုင်ရှင်များ ဖြစ်ခဲ့ဖူးသော်လည်း ယခုအခါသင်္ချိုင်းတွင်းများသာလျှင် ထိုသူတို့အခါခပ်သိမ်းနေထိုင်ရာ၊ ထာဝရနေအိမ်များဖြစ်ပေသည်။
Proverbs 10:7တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ်၏။ မတရားသောသူ၏နာမမူကား ပုပ်ပျက်တတ်၏။
Daniel 4:22``အရှင်မင်းကြီး၊ အရှင်ကားထိုသစ်ပင်ကြီး ပင်ဖြစ်ပါ၏။ အရှင်သည်မိုးကောင်းကင်တိုင် အောင်မြင့်မားကြီးမြတ်တော်မူလျက်တန် ခိုးတော်သည်ကမ္ဘာတစ်ဝန်းလုံးကိုလွှမ်းမိုး ပါ၏။-