The Bible Software
bible.software › Daniel › Daniel 4 › Daniel 4:18

Daniel 4:18

နေ​ဗု​ခဒ်​နေ​ဇာ​မင်း​က``ဤ​ကား​ငါ​မြင်​မက် သည့်​အိပ်​မက်ဖြစ်​၏။ အ​ချင်း​ဗေ​လ​တ​ရှာ​ဇာ၊ ယ​ခု​ငါ့​အား​ထို​အိပ်​မက်​၏​အ​နက်​ကို​ဖော် ပြ​ပါ​လော့။ ယင်း​ကို​ငါ​၏​အ​တိုင်​ပင်​ခံ အ​ရာ​ရှိ​တစ်​ယောက်​မျှ​မ​ဖော်​ပြ​နိုင်​ပါ။ သို့​ရာ​တွင်​သန့်​ရှင်း​မြင့်​မြတ်​သည့်​ဘုရား​တို့ ၏​ဝိ​ညာဉ်​သည်​သင့်​၏​အ​ထဲ​၌​ကိန်း​အောင်း သည်​ဖြစ်​၍​သင်​သည်​ထို​အိပ်​မက်​၏​အ​နက် ကို​ဖော်​ပြ​နိုင်​ပါ​၏'' ဟု​မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

This dream I king Nebuchadnezzar have seen. Now thou, O Belteshazzar, declare the interpretation thereof, forasmuch as all the wise men of my kingdom are not able to make known unto me the interpretation: but thou art able; for the spirit of the holy gods is in thee.

In Context

17ဤ​ကား​နိုး​ကြား​စောင့်​ကြည့်​သူ​ကောင်း​ကင် တ​မန်​များ​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​တည်း။ သို့ ဖြစ်​၍​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင် သည် လော​ကီ​နိုင်​ငံ​များ​အ​ပေါ်​သို့​တန်​ခိုး အာ​ဏာ​လွှမ်း​မိုး​တော်​မူ​နိုင်​ကြောင်း​ကို​လည်း ကောင်း၊ ကိုယ်​တော်​သည်​အ​သိမ်​ငယ်​ဆုံး​သော သူ​ကို​ပင်​လျှင်​ရွေး​ချယ်​၍​မင်း​မြှောက်​တော် မူ​နိုင်​ကြောင်း​ကို​လည်း​ကောင်း အ​ရပ်​တ​ကာ ရှိ​လူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​စေ' ဟု​အ​သံ ကျယ်​စွာ​ကြွေး​ကြော်​၏။

19ထို​အ​ခါ​ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည် တွင်​သော​ဒံ​ယေ​လ​သည် အ​လွန်​ထိတ်​လန့် သွား​သ​ဖြင့်​စ​ကား​ပင်​မ​ပြော​နိုင်​ဘဲ​နေ ၏။ မင်း​ကြီး​က``အ​ချင်း​ဗေ​လ​တ​ရှာ​ဇာ၊ အိပ်​မက်​နှင့်​အိပ်​မက်​၏​အ​နက်​ကြောင့်​ထိတ် လန့်​ခြင်း​မ​ရှိ​နှင့်'' ဟု​မိန့်​တော်​မူ​လျှင်၊ ဗေ​လ​တ​ရှာ​ဇာ​က``အ​ရှင်​မင်း​ကြီး၊ ထို​အိပ် မက်​နှင့်​အ​နက်​သည်​အ​ရှင်​၏​အ​တွက်​မ​ဟုတ် ဘဲ​အ​ရှင်​၏​ရန်​သူ​များ​အ​တွက်​ဖြစ်​ပါ​စေ သော။-

Read all of Daniel 4

Cross References

Genesis 41:8နံ​နက်​အ​ချိန်​ရောက်​သော​အ​ခါ​ဘု​ရင်​သည် စိတ်​သော​က​ရောက်​သ​ဖြင့် အီ​ဂျစ်​ပြည်​ရှိ​မှော် ဆ​ရာ​နှင့်​ပ​ညာ​ရှိ​အ​ပါင်း​တို့​အား​ဆင့်​ခေါ် လေ​၏။ ဘု​ရင်​သည်​မိ​မိ​၏​အိပ်​မက်​ကို​ထို​သူ တို့​အား​ပြော​ပြ​သော်​လည်း တစ်​ယောက်​မျှ အ​နက်​ကို​ဖွင့်​မ​ပြ​နိုင်​ချေ။

1 Kings 14:2ယေ​ရော​ဗောင်​သည်​မိ​မိ​၏​မိ​ဖု​ရား​အား``သင် သည်​မိ​ဖု​ရား​မှန်း​မ​သိ​စေ​ရန်​ရုပ်​ဖျက်​၍ ငါ့ အား​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လိမ့်​မည်​ဟု ဟော​ခဲ့​သူ​ပ​ရော​ဖက်​အ​ဟိ​ယ​နေ​ထိုင် ရာ​ရှိ​လော​မြို့​သို့​သွား​လော့။-

Isaiah 47:12သင်​၏​ဂါ​ထာ​မန္တန်​များ​နှင့်​အ​ဆောင်​လက်​ဖွဲ့ များ​ကို ဆောင်​ထား​လော့။ ထို​အ​ရာ​များ​ကို​သင်​သည်​ငယ်​စဉ်​အ​ခါ က​ပင်​လျှင် အ​သုံး​ပြု​၍​လာ​ခဲ့​၏။ ယင်း​တို့​သည်​သင့်​အား​အ​ကူ​အ​ညီ ပေး​ကောင်း​ပေး​ပါ​လိမ့်​မည်။ သင်​၏​ရန်​သူ​များ​ကို​လည်း​နှင်​ထုတ်​ကောင်း နှင်​ထုတ်​နိုင်​ပါ​လိမ့်​မည်။

Daniel 2:26မင်း​ကြီး​က(ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည် တွင်​သော) ဒံ​ယေ​လ​အား``သင်​သည်​ငါ​၏​အိပ် မက်​ကို​လည်း​ကောင်း၊ ထို​အိပ်​မက်​၏​အ​နက် ကို​လည်း​ကောင်း​ဖော်​ပြ​နိုင်​ပါ​သ​လော'' ဟု​မေး​တော်​မူ​၏။

Daniel 4:7ထို​အ​ခါ​ရှိ​ရှိ​သ​မျှ​သော​ဗေ​ဒင်​ဆ​ရာ၊ မျက် လှည့်​ဆ​ရာ၊ မှော်​ဆ​ရာ​နှင့်​နက္ခတ်​ဆ​ရာ​များ သည်​ရှေ့​တော်​သို့​ရောက်​ရှိ​လာ​ကြ​၏။ ငါ​သည် သူ​တို့​အား​ငါ​၏​အိပ်​မက်​ကို​ပြော​ပြ​သော် လည်း သူ​တို့​သည်​ထို​အိပ်​မက်​၏​အ​နက်​ကို မ​ဖော်​ပြ​နိုင်​ကြ​ပါ။-

Daniel 5:15ငါ​သည်​မိ​မိ​၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ နှင့်​ဗေ​ဒင်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​ကာ​စေ​ခိုင်း သော်​လည်း သူ​တို့​သည်​မ​ဖော်​ပြ​နိုင်​ကြ​ပါ။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Daniel 4:18

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Daniel 4:17Daniel 4Daniel 4:19 →