Daniel 5:12
သူသည်အိပ်မက်များ၏အနက်ကိုပြန်ဆိုမှု၊ ခက်ခဲသောအမေးပုစ္ဆာများကိုဖြေရှင်းမှု၊ လျှို့ဝှက်နက်နဲသောအရာများကိုထုတ်ဖော် မှုတို့တွင်အထူးတတ်ကျွမ်းသူဖြစ်ပါ၏။ သို့ ဖြစ်၍ဗေလတရှာဇာဟူသောဘွဲ့နာမကို ခမည်းတော်ပေးအပ်တော်မူခဲ့သူဒံယေလ အားဆင့်ခေါ်ပါ။ သူသည်စာတန်း၏အနက် ကိုဖော်ပြပါလိမ့်မည်'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Cross References
2 Chronicles 9:1ရှေဘပြည်ဘုရင်မသည်ရှောလမုန်၏ဂုဏ် သတင်းကိုကြားသိရသဖြင့် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။ ဘုရင်မ သည်များစွာသောအခြွေအရံလိုက်ပါ လျက်နံ့သာမျိုးများ၊ ကျောက်မျက်ရတနာ များ၊ ရွှေအမြောက်အမြားတင်ဆောင်သည့် ကုလားအုတ်များနှင့်ရောက်ရှိလာလေသည်။ သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်ရှိ လာသောအခါမိမိစဉ်းစားရသမျှသော ပုစ္ဆာတို့ကိုမေးတော်မူ၏။-
Proverbs 12:26ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်း ပြတတ်၏။ မတရားသောသူလိုက်သော လမ်းမူကား၊ သူ့ကိုပင် လှည့်စားတတ်၏။
Daniel 1:7မိန်းမစိုးအုပ်သည်ဒံယေလကိုဗေလတရှာဇာ၊ ဟာနနိကိုရှာဒရက်၊ မိရှေလကိုမေရှက်၊ အာဇရိကိုအဗေဒနေဂေါဟူ၍နာမည်သစ်ကိုပေး၏။
Daniel 4:8ထိုနောက်(ငါကိုးကွယ်သောဘုရား၏နာမည် ဖြစ်သည့်ဗေလတရှာဇာဟုလည်းနာမည် တွင်သော) ဒံယေလသည်ငါ၏ရှေ့တော်သို့ ရောက်ရှိလာလေသည်။ သန့်ရှင်းမြင့်မြတ်သည့် ဘုရားတို့၏ဝိညာဉ်သည်သူ၏အတွင်း၌ ကိန်းအောင်းသဖြင့် ငါသည်သူ့အားငါအ ဘယ်သို့အိပ်မက်မြင်မက်သည်ကိုပြော ပြ၏။-
Daniel 5:14ဘုရားများ ၏ဝိညာဉ်သည်သင်၏အတွင်း၌ကိန်းအောင်းသည် ဖြစ်၍ သင်သည်ကျွမ်းကျင်လိမ်မာလျက်၊ အသိ အမြင်ဉာဏ်ပညာတို့ဖြင့်ပြည့်စုံသူဖြစ်ကြောင်း ငါကြားသိရသည်။-
Daniel 6:3ထို့နောက်မကြာမီဒံယေလသည်အခြား ကြီးကြပ်ရေးအဖွဲ့ဝင်များဘုရင်ခံများ ထက်ပို၍ အရည်အချင်းကောင်းမွန်သူ ဖြစ်ကြောင်းသိသာထင်ရှားလာ၏။ သူသည် အလွန်ပင်ထူးချွန်သဖြင့် မင်းကြီးသည် သူ့အားအင်ပါယာနိုင်ငံတစ်ခုလုံးကို ကွပ်ကဲအုပ်ချုပ်စေရန်အကြံရှိတော် မူ၏။-