Daniel 5:16
သင်သည်တိမ်မြုပ်နေသောအနက်တို့ကိုဖော် ထုတ်နိုင်၍ လျှို့ဝှက်ခက်ခဲသောအရာတို့ကို ရှင်းလင်းဖော်ပြနိုင်ကြောင်းငါကြားသိတော် မူရသည်။ သင်သည်ဤစာတန်းကိုဖတ်၍ အနက်ကိုငါ့အားဖော်ပြနိုင်ပါလျှင် ငါသည် သင့်အားတော်ဝင်ခရမ်းရောင်ဝတ်လုံကိုဝတ် စေ၍ဂုဏ်ထူးဆောင်ရွှေစလွယ်တော်ကိုဆွဲ စေလျက် ငါ၏နိုင်ငံတော်တွင်တတိယတန် ခိုးအကြီးဆုံးသောသူအဖြစ်ခန့်ထား မည်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 40:8သူတို့က``ငါတို့တစ်ယောက်စီအိပ်မက်မြင်မက် ကြပါသည်။ သို့ရာတွင်အိပ်မက်၏အနက်ကို ဖွင့်ပြနိုင်သူမရှိပါ'' ဟုဖြေကြ၏။ ယောသပ်က``အိပ်မက်၏အနက်ဖွင့်ပြနိုင်စွမ်း ကိုထာဝရဘုရားသာပေးပါသည်။ သင်တို့ ၏အိပ်မက်များကိုကျွန်တော်အားပြောပြ ပါ'' ဟုဆိုလေ၏။
Daniel 2:6သို့ရာတွင်အကယ်၍သင်တို့သည်ငါ၏ အိပ်မက်ကိုလည်းကောင်း၊ အနက်ကိုလည်း ကောင်းဖော်ပြနိုင်ပါက ငါသည်သင်တို့ အားဆုလာဘ်များပေး၍ဂုဏ်ပြုချီးမြှင့် မည်။ သို့ဖြစ်၍အိပ်မက်ကိုလည်းကောင်း၊ အိပ်မက်၏အနက်ကိုလည်းကောင်းဖော် ပြကြလော့'' ဟုမိန့်တော်မူ၏။
Daniel 5:29ထိုအခါချက်ချင်းပင်ဗေလရှာဇာမင်း သည် ဒံယေလအားတော်ဝင်ခရမ်းရောင် ဝတ်လုံကိုဝတ်ဆင်စေ၍ လည်ပင်း၌ဂုဏ် ထူးဆောင်ရွှေစလွယ်ကိုဆွဲစေပြီးနောက် ဒံယေလအားနိုင်ငံတော်တွင်တတိယ တန်ခိုးအကြီးဆုံးရာထူးတွင်ခန့်ထား တော်မူ၏။-