Daniel 5:29
ထိုအခါချက်ချင်းပင်ဗေလရှာဇာမင်း သည် ဒံယေလအားတော်ဝင်ခရမ်းရောင် ဝတ်လုံကိုဝတ်ဆင်စေ၍ လည်ပင်း၌ဂုဏ် ထူးဆောင်ရွှေစလွယ်ကိုဆွဲစေပြီးနောက် ဒံယေလအားနိုင်ငံတော်တွင်တတိယ တန်ခိုးအကြီးဆုံးရာထူးတွင်ခန့်ထား တော်မူ၏။-
Common Language Bible
In The King James Version
In Context
30ထိုည၌ပင်လျှင်ဗာဗုလုန်ပြည်ဘုရင်၊ ဗေလရှာဇာသည်လုပ်ကြံခြင်းကိုခံ ရ၍၊-
Cross References
Genesis 41:42ဖာရောဘုရင်သည်မိမိ၏တံဆိပ်တော်ပါ ရှိသောလက်စွပ်ကိုချွတ်ပြီးလျှင် ယောသပ် ၏လက်တွင်ဝတ်ဆင်ပေးတော်မူ၏။ ယောသပ် အားပိတ်ချောဝတ်ရုံကိုလည်းဝတ်စေ၍ လည်ပင်းတွင်ရွှေစလွယ်ကိုဆွဲပေးတော် မူ၏။-
Daniel 5:7သို့ဖြစ်၍ပယောဂဆရာများ၊ မှော်ဆရာ များနှင့်နက္ခတ်ဆရာများကိုခေါ်သွင်းရန် ဟစ်အော်၍ မင်းချင်းတစ်ယောက်အားစေခိုင်း တော်မူ၏။ ထိုသူတို့ရောက်ရှိလာကြသော အခါမင်းကြီးက``ထိုစာတန်းကိုဖတ်၍ အနက်ကိုငါ့အားပြောကြားနိုင်သူအား တော်ဝင်ခရမ်းရောင်ဝတ်လုံကိုဝတ်စေမည်။ ဂုဏ်ထူးဆောင်ရွှေစလွယ်တော်ကိုလည်းဆွဲ စေလျက်နိုင်ငံတော်တွင်တတိယတန်ခိုး အကြီးဆုံးသောသူအဖြစ်ငါခန့်ထား မည်'' ဟုမိန့်တော်မူ၏။-