Daniel 8:14
ဒုတိယကောင်းကင်တမန်က``ရက်ပေါင်း တစ်ထောင့်တစ်ရာ့ငါးဆယ် ကြာလိမ့်မည်။ ထိုကာလအတောအတွင်း၌ နံနက်နှင့်ညဥ့်ဦးယံယဇ်ပူဇော်မှုများကို ပြုကြလိမ့်မည်မဟုတ်။ ထိုနောက်ဗိမာန်တော် သည်ပြန်လည်သန့်စင်၍လာလိမ့်မည်'' ဟု ပြန်ပြော၏။
Common Language Bible
In The King James Version
And he said unto me, Unto two thousand and three hundred days; then shall the sanctuary be cleansed.
In Context
Cross References
Genesis 1:5အလင်းကို ``နေ့'' ဟူ၍လည်းကောင်း၊ အမှောင် ကို ``ညဥ့်'' ဟူ၍လည်းကောင်းခေါ်တွင်စေတော် မူ၏။ ညဦးမှနံနက်အထိပထမနေ့ရက် ဖြစ်လေ၏။
Isaiah 45:25ငါထာဝရဘုရားသည်ယာကုပ်၏သားမြေး အပေါင်းကိုကယ်ဆယ်မည်။ သူတို့သည်လည်းငါ့ကိုထောမနာပြုကြ လိမ့်မည်။
Daniel 8:26ညဥ့်ဦးယံ၊ နံနက်ယံပူဇော်ရာယဇ်များ နှင့်သက်ဆိုင်၍ သင့်အားငါရှင်းလင်းပြသည့် ဤရူပါရုံသည်အကောင်အထည်ပေါ်လာ လိမ့်မည်။ သို့ရာတွင်ယင်းသို့အကောင်အထည် ပေါ်ရန်အချိန်များစွာလိုသေးသဖြင့်ထို ရူပါရုံကိုလျှို့ဝှက်၍ထားလော့'' ဟုဆို၏။
Daniel 12:11``နေ့စဉ်ပူဇော်ရာယဇ်များကိုရပ်စဲစေသည့် အချိန်၊ ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းသော အရာ ပေါ်ပေါက်လာသည့်အချိန်မှအစပြု၍ ရက်ပေါင်းတစ်ထောင့်နှစ်ရာကိုးဆယ်ကုန် လွန်သွားလိမ့်မည်။-
Galatians 3:8ဘုရားသခင်သည်ယုံကြည်ခြင်းကိုထောက်၍ လူမျိုးခြားတို့ကို မိမိနှင့်မှန်ကန်စွာဆက်ဆံ စေတော်မူမည်ဖြစ်ကြောင်း ကျမ်းစာတော်တွင် ကြိုတင်ဟော၏။ ကျမ်းစာတော်က ``လူမျိုး အပေါင်းတို့သည် သင့်အားဖြင့်ကောင်းချီး မင်္ဂလာခံစားရကြလိမ့်မည်'' ဟုအာဗြဟံ အားသတင်းကောင်းကိုကြေညာသည်။-
Revelation 11:15ထိုနောက်သတ္တမကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ``ကမ္ဘာလောကကိုအုပ်စိုး သောအာဏာသည် ငါတို့အရှင်နှင့်ကိုယ်တော် ၏မေရှိယလက်ထဲသို့ရောက်လာလေပြီ။ ကိုယ်တော်သည်ကမ္ဘာအဆက်ဆက်စိုးစံတော် မူလိမ့်မည်'' ဟုကောင်းကင်မှကျယ်စွာပြော သောအသံများကိုကြားရ၏။-