ဂလာတိဩဝါဒစာ 3:8
ဘုရားသခင်သည်ယုံကြည်ခြင်းကိုထောက်၍ လူမျိုးခြားတို့ကို မိမိနှင့်မှန်ကန်စွာဆက်ဆံ စေတော်မူမည်ဖြစ်ကြောင်း ကျမ်းစာတော်တွင် ကြိုတင်ဟော၏။ ကျမ်းစာတော်က ``လူမျိုး အပေါင်းတို့သည် သင့်အားဖြင့်ကောင်းချီး မင်္ဂလာခံစားရကြလိမ့်မည်'' ဟုအာဗြဟံ အားသတင်းကောင်းကိုကြေညာသည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 12:3သင့်ကိုကောင်းချီးပေးသူတို့အားငါကောင်း ချီးပေးမည်။ သင့်ကိုကျိန်ဆဲသူတို့အားငါကျိန်ဆဲမည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သည်သင့်အားဖြင့် ကောင်းချီးခံစားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
Genesis 22:18သင်သည်ငါ၏အမိန့်ကိုနာခံသောကြောင့်သင် ၏အဆက်အနွယ်တို့သည် ကောင်းချီးခံရသည့် နည်းတူကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ကသူ တို့အားလည်း ကောင်းချီးပေးရန်ငါ့အားတောင်း လျှောက်ကြလိမ့်မည်'' ဟုမိန့်တော်မူသည်။-
Genesis 28:14သင်၏အဆက်အနွယ်တို့သည်မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ သူတို့၏နယ်မြေသည်အရပ် လေးမျက်နှာသို့ကျယ်ပြန့်လိမ့်မည်။ ငါသည် သင်နှင့်သင်၏အဆက်အနွယ်တို့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
Psalms 72:7မင်းကြီး၏လက်ထက်၌တရားမျှတမှု စိုးမိုးပါစေသော။ လသည်အလင်းရောင်ပေးလျက်နေသမျှ ကာလပတ်လုံးသာယာဝပြောမှုရှိပါ စေသော။
Isaiah 65:9ငါ့အားဝတ်ပြုကိုးကွယ်သူကိုငါကယ်တင် မည်။ ယုဒအနွယ်ဝင်တို့ကိုကောင်းချီးပေး မည်။ ယုဒ၏သားမြေးများသည်တောင်ပေါ် ဒေသများဖြစ်သော ငါ၏ပြည်တော်ကို အပိုင်ရရှိကြလိမ့်မည်။ ငါ၏ကျွန်ငါ ၏လူမျိုးတော်သည်ထိုပြည်တွင်နေထိုင်၍ အမွေခံရကြလိမ့်မည်။-
John 7:42မေရှိယသည်ဒါဝိဒ်မင်း၏သားမြေးဖြစ်လိမ့်မည် ဟူ၍လည်းကောင်း၊ ဒါဝိဒ်နေထိုင်ခဲ့သည့်ဗက်လင် ရွာမှပေါ်ထွန်းလိမ့်မည်ဟူ၍လည်းကောင်း ကျမ်း စာလာသည်မဟုတ်ပါလော'' ဟုဆိုကြ၏။-