Daniel 8:3
မျှော်ကြည့်လိုက်ရာမြစ်အနီးတွင်ရပ်နေ သောသိုးထီးတစ်ကောင်ကိုမြင်ရ၏။ ထိုသိုး မှာဦးချိုရှည်ကြီးနှစ်ချောင်းရှိ၍တစ်ချောင်း မှာအခြားတစ်ချောင်းထက်ပိုရှည်၍နောက် မှပေါက်သောချိုဖြစ်သည်။-
Common Language Bible
In The King James Version
In Context
Cross References
Joshua 5:13ယောရှုသည်ယေရိခေါမြို့အနီးသို့ရောက်ရှိ လာစဉ် မိမိရှေ့တွင်ဋ္ဌားလွတ်ကိုင်သူတစ်ဦး ရပ်နေသည်ကိုရုတ်တရက်မြင်ရသည်။ ယောရှု သည်ထိုသူထံသို့ချဉ်းကပ်၍``သင်သည်ငါတို့ ဘက်တော်သားလော၊ ရန်သူလော'' ဟုမေး၏။
Ezra 1:2ထိုအမိန့်တော်တွင် ဤကားပေရသိပြည်ကုရုမင်း၏အမိန့်တော်ဖြစ်သည်။ ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရားသည် ငါ့အားကမ္ဘာတစ်ဝှမ်းလုံးကိုအစိုးရစေတော်မူ၍ ယုဒပြည်ယေရုရှလင်မြို့၌ဗိမာန်တော်ကိုတည်ဆောက်ရန် တာဝန်ကိုငါ့အားပေးအပ်တော်မူလေပြီ။-
Esther 1:3သူသည်နန်းစံတတိယနှစ်၌မိမိ၏မှူးမတ် များနှင့် မင်းအရာရှိအပေါင်းတို့အား စား သောက်ပွဲကြီးကိုတည်ခင်းကျွေးမွေးတော် မူ၏။ ထိုပွဲသို့ပေရသိနှင့်မေဒိတပ်မ တော်များ၊ ပြည်နယ်ဘုရင်ခံများနှင့်မှူး မတ်များလည်းတက်ရောက်ကြလေသည်။-
Isaiah 21:2ရက်စက်ကြမ်းကြုတ်မှုများ၊ သစ္စာဖောက်မှု နှင့်သုတ်သင်ဖျက်ဆီးမှုတို့ကိုဗျာဒိတ် ရူပါရုံတွင်ငါမြင်ရပြီ။ အို ဧလံတပ်မတော်သားတို့၊ တိုက်ခိုက်ကြ လော့။ အို မေဒိတပ်မတော်သားတို့၊ မြို့များ ကိုဝိုင်းရံထားကြလော့။ ဘုရားသခင်သည် ဗာဗုလုန်မြို့သားတို့ပေးသည့်ဆင်းရဲဒုက္ခ ကိုချုပ်ငြိမ်းစေတော်မူလိမ့်မည်။
Jeremiah 51:11ထာဝရဘုရားသည်ဗာဗုလုန်မြို့ကိုသုတ် သင်ဖျက်ဆီးပစ်ရန်အကြံရှိတော်မူသဖြင့် မေဒိဘုရင်တို့ကိုလှုံ့ဆော်ပေးတော်မူလေ ပြီ။ ထိုနည်းအားဖြင့်ထာဝရဘုရားသည် ကိုယ်တော်၏ဗိမာန်တော်ဖျက်ဆီးခံခဲ့ ရခြင်းအတွက်လက်စားချေတော်မူမည်။ တိုက်ခိုက်နေသူတပ်မတော်အရာရှိများ က``သင်တို့၏မြားများကိုချွန်ကြလော့။ ဒိုင်းလွှားများကိုကိုင်ဆောင်ကြလော့။-
Daniel 5:31အသက်ခြောက်ဆယ့်နှစ်နှစ်ရှိသောမေဒိ လူမျိုးဒါရိမင်းသည်နိုင်ငံကိုသိမ်းယူ လေသည်။