The Bible Software
bible.software › Daniel › Daniel 9 › Daniel 9:19

Daniel 9:19

အို အ​ရှင်​ဘု​ရား၊ နား​ထောင်​တော်​မူ​ပါ။ အို အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ အို အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​လျှောက်​ထား​ချက်​ကို​နား ထောင်​တော်​မူ​၍​အ​ရေး​ယူ​တော်​မူ​ပါ။ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ဖင့်​နွဲ တော်​မ​မူ​ပါ​နှင့်။ သို့​မှ​သာ​လျှင်​ကိုယ်​တော် သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကို​လူ​တိုင်း​သိ​ရှိ​ပါ​လိမ့်​မည်။ ဤ​မြို့ နှင့်​ဤ​လူ​မျိုး​တော်​ကို​ကိုယ်​တော်​ပိုင် တော်​မူ​ပါ​၏'' ဟု​ဆု​တောင်း​ပတ္ထနာ​ပြု​၏။

Common Language Bible

In The King James Version

O Lord, hear; O Lord, forgive; O Lord, hearken and do; defer not, for thine own sake, O my God: for thy city and thy people are called by thy name.

In Context

18အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​၏​လျှောက် ထား​ချက်​ကို​နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​အား​ကြည့်​တော်​မူ​၍​ကိုယ်​တော်​ရှင့်​နာ​မ တော်​ကို​ခံ​ယူ​ထား​သည့်​မြို့​၏​ဝေ​ဒ​နာ​ကို ရှု​မှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့ ကောင်း​မွန်၊ မှန်​ကန်​မှု​ကို​အ​မှီ​မ​ပြု၊ ကိုယ် တော်​၏​ကြီး​မြတ်​သော​က​ရု​ဏာ​ကို အ​မှီ​ပြု​၍​ဆု​တောင်း​ပါ​၏။-

20ငါ​သည်​ဆက်​လက်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ကာ မိ​မိ​၏​အ​ပြစ်​များ​ကို​လည်း​ကောင်း၊ မိ​မိ ၏​လူ​မျိုး​ဖြစ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​ပြစ်​များ​ကို​လည်း​ကောင်း​ဖော်​ပြ ဝန်​ခံ​လျက် ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ် သော​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက် ပေး​တော်​မူ​ရန် ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​အ​သ​နား​ခံ​လျက်​နေ​၏။-

Read all of Daniel 9

Cross References

Numbers 14:19အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဤ​သူ တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ချိန်​မှ ယ​နေ့ အ​ထိ​သူ​တို့​ကူး​လွန်​ခဲ့​သော​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​ခဲ့​သည့်​နည်း​တူ ကိုယ်​တော် ၏​ကြီး​မား​သော​မေတ္တာ​က​ရု​ဏာ​တော်​နှင့် အ​ညီ ယ​ခု​လည်း​သူ​တို့​ပြု​မိ​သော​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​ရန်​အ​ကျွန်ုပ် တောင်း​လျှောက်​ပါ​၏'' ဟု​ဆု​တောင်း​လေ သည်။

2 Chronicles 6:21အ​ကျွန်ုပ်​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​လည်း ကောင်း၊ ဤ​အ​ရပ်​သို့​မျက်​နှာ​မူ​လျက်​ကိုယ် တော်​၏​လူ​မျိုး​တော်​ပြု​သော ဆု​တောင်း​ပတ္ထ​နာ များ​ကို​လည်း​ကောင်း​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ အ​ကျွန်ုပ်​တို့​လျှောက်​ထား​ချက်​များ​ကို နား ညောင်း​တော်​မူ​ပြီး​လျှင်​အ​ကျွန်ုပ်​တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။''

2 Chronicles 6:39စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ​နား​ညောင်း​တော် မူ​ပြီး​လျှင် သူ​တို့​အား​က​ရု​ဏာ​ထား​တော်​မူ ၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​ပါ။''

Psalms 74:9ကျွန်​တော်​မျိုး​တို့​၏​ဘာ​သာ​တ​ရား​ဆိုင်​ရာ အ​မှတ်​အ​သား​များ​အား​လုံး​ပင်​မ​ရှိ​တော့​ပါ။ ပ​ရော​ဖက်​များ​လည်း​မ​ရှိ​တော့​ပါ။ အ​ဘယ်​မျှ​ကြာ​အောင်​ဤ​သို့​ဖြစ်​နေ​မည်​ကို အ​ဘယ်​သူ​မျှ​မ​သိ​ပါ။

Psalms 79:8ဘိုး​ဘေး​တို့​၏​အ​ပြစ်​များ​အ​တွက် ကျွန်​တော်​မျိုး​တို့​အား​ဒဏ်​ခတ်​တော်​မ​မူ​ပါ​နှင့်။ ယ​ခု​ကျွန်​တော်​မျိုး​တို့​ကို​သ​နား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​မျှော်​လင့်​ရာ​မဲ့​လျက် ရှိ​ကြ​ပါ​၏။

Psalms 85:5ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​မျက်​ထွက်​၍ နေ​တော်​မူ​ပါ​မည်​လော။ အ​မျက်​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပြေ​တော်​မ​မူ​တော့​ပြီ​လော။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Daniel 9:19

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Daniel 9:18Daniel 9Daniel 9:20 →