ရာဇဝင်ချုပ်ပထမစောင် 6:21
အကျွန်ုပ်၏ဆုတောင်းပတ္ထနာများကိုလည်း ကောင်း၊ ဤအရပ်သို့မျက်နှာမူလျက်ကိုယ် တော်၏လူမျိုးတော်ပြုသော ဆုတောင်းပတ္ထနာ များကိုလည်းကောင်းနားညောင်းတော်မူပါ။ ကိုယ်တော်စံတော်မူရာကောင်းကင်ဘုံမှ အကျွန်ုပ်တို့လျှောက်ထားချက်များကို နား ညောင်းတော်မူပြီးလျှင်အကျွန်ုပ်တို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ။''
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 6
Cross References
2 Chronicles 30:27ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့ သည်ပြည်သူတို့အတွက် ထာဝရဘုရားထံ တော်မှကောင်းချီးမင်္ဂလာကိုတောင်းလျှောက် ကြသဖြင့် ထာဝရဘုရားသည်စံတော်မူရာ ကောင်းကင်ဘုံမှသူတို့၏ပတ္ထနာကိုနား ညောင်းတော်မူ၏။
Psalms 85:2ကိုယ်တော်သည်မိမိလူစုတော်၏အပြစ် များကို ဖြေလွှတ်တော်မူ၍သူတို့၏အမှားများကို ခွင့်လွှတ်တော်မူပါပြီ။
Psalms 130:3အကယ်၍ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုရေးမှတ်ထားမည်ဆိုပါက အဘယ်သူသည်အပြစ်ဒဏ်စီရင်တော်မူခြင်းနှင့် ကင်းလွတ်နိုင်ပါမည်နည်း။
Isaiah 18:4ထာဝရဘုရားကငါ့အား``အသီးအနှံ ရိတ်သိမ်းချိန်၏ပူအိုက်သည့်ညတို့၌ဆီးနှင်း များသည်ငြိမ်သက်စွာကျလာသကဲ့သို့ လည်းကောင်း၊ အပူရှိန်ပြင်းသည့်နေ့၌နေ သည်ကြည်လင်ဆိတ်ငြိမ်စွာထွန်းလင်းတောက် ပသကဲ့သို့လည်းကောင်း ငါသည်ကောင်းကင် ဘုံမှငြိမ်သက်စွာငုံ့၍ကြည့်တော်မူမည်။-
Isaiah 44:22ငါသည်သင်တို့၏အပြစ်များကို မိုးတိမ်သဖွယ် လွင့်စင်သွားစေပြီ။ ငါ့ထံသို့ပြန်လာကြလော့။ သင်တို့ကို ကယ်တင်သူကားငါပင်ဖြစ်၏။''
Daniel 9:19အို အရှင်ဘုရား၊ နားထောင်တော်မူပါ။ အို အရှင်ဘုရား၊ အကျွန်ုပ်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူပါ။ အို အရှင်ဘုရား၊ အကျွန်ုပ်တို့လျှောက်ထားချက်ကိုနား ထောင်တော်မူ၍အရေးယူတော်မူပါ။ အို အကျွန်ုပ်တို့၏ဘုရားသခင်ဖင့်နွဲ တော်မမူပါနှင့်။ သို့မှသာလျှင်ကိုယ်တော် သည်ဘုရားသခင်ဖြစ်တော်မူကြောင်း ကိုလူတိုင်းသိရှိပါလိမ့်မည်။ ဤမြို့ နှင့်ဤလူမျိုးတော်ကိုကိုယ်တော်ပိုင် တော်မူပါ၏'' ဟုဆုတောင်းပတ္ထနာပြု၏။