Daniel 9:21
ယင်းသို့ငါဆုတောင်းပတ္ထနာပြုလျက်နေ စဉ် ယခင်ဗျာဒိတ်ရူပါရုံတွင်ငါတွေ့မြင် ခဲ့သူ၊ ဂါဗြေလသည်ငါရှိရာသို့ပျံဝဲ ဆင်းသက်လာ၏။ ထိုအချိန်ကားညဥ့်ဦး ယံယဇ်ပူဇော်ရာအချိန်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
Cross References
1 Kings 18:29သူတို့သည်ညနေစောင်းတိုင်အောင်ကျယ်လောင် စွာဟစ်အော်ကြသော်လည်းအဖြေမရကြ။ မည်သည့်အသံကိုလည်းမကြားရကြ။
Ezra 9:4ညဥ့်ဦးယဇ်ပူဇော်ချိန်ကျရောက်၍လူတို့သည် ငါ၏အနီးတွင်လာရောက်စုရုံးကြသည့်တိုင် အောင် ငါသည်ဝမ်းနည်းကြေကွဲသောစိတ်နှင့် ထိုအရပ်တွင်ထိုင်လျက်နေ၏။ ထိုသူတို့သည် ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူတို့၏ အပြစ်များအကြောင်းနှင့်ပတ်သက်၍ ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် မိန့်တော်မူသောစကားကြောင့် ကြောက်လန့် နေကြသူများဖြစ်သတည်း။
Psalms 104:4ကိုယ်တော်ရှင်သည်လေတို့ကိုစေတမန်များ အဖြစ်ဖြင့်လည်းကောင်း၊ လျှပ်စစ်လျှပ်နွယ်တို့ကိုအစေခံများ အဖြစ်ဖြင့်လည်းကောင်းအသုံးပြုတော် မူပါ၏။
Isaiah 6:6ထိုအခါကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်မှမီးခဲတစ်ခဲကိုမီးညှပ်နှင့်ညှပ်၍ယူဆောင်ကာ ငါ့ထံသို့ပျံဆင်းလာ၏။-
Ezekiel 1:14သတ္တဝါများကိုယ်တိုင်ပင်လျှင်လျှပ်စစ်သဖွယ် လျင်မြန်စွာသွားလာကြ၏။
Daniel 8:18သူဤသို့ပြောနေစဉ်ငါသည်မေ့မြော၍ မြေပေါ်သို့လဲကျသွားလေသည်။ သို့ရာ တွင်သူသည်ငါ့အားဆွဲကိုင်ထူမပြီး လျှင်၊-