တရားဟောရာကျမ်း 10:21
ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်သည် သင်တို့၏ဘုရားဖြစ်တော်မူ၏။ သင်တို့အတွက် ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်သောအမှု ကြီးများကို သင်တို့ကိုယ်တိုင်မြင်ခဲ့ရကြပြီ။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 34:10ထာဝရဘုရားကမောရှေအား``ငါသည်ယခု ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ်ပြု မည်။ ငါသည်သူတို့၏မျက်မှောက်တွင်ကမ္ဘာပေါ် ရှိမည်သည့်နိုင်ငံတွင်မျှမပြုဘူးသောကြီး မားသောအရာများကိုငါပြုမည်။ ငါထာဝရ ဘုရားသည်ကြီးမားသောအရာများကိုပြု နိုင်ကြောင်းလူအပေါင်းတို့မြင်ကြရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့ အတွက်ကြောက်မက်ဖွယ်ရာအမှုကို ပြုမည်။-
Deuteronomy 4:34သင်တို့ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့လက်မှသင်တို့ကို ကယ်တင်၍ မိမိ၏လူမျိုးတော်အဖြစ်ထုတ် ဆောင်ခဲ့သည်။ အခြားသောဘုရားသည် လူတစ်မျိုးအတွက် ထိုကဲ့သို့ပြုခဲ့ဖူးပါ သလော။ ထာဝရဘုရားသည်မဟာတန်ခိုး တော်ကိုပြတော်မူခြင်း၊ ဘေးဒဏ်နှင့်စစ် ဘေးသင့်စေခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ ကြောက် မက်ဖွယ်သောအမှုတို့ကိုပြုတော်မူခြင်း စသည်တို့ကိုသင်တို့ကိုယ်တိုင်မြင်ခဲ့ရပြီ။-
1 Samuel 12:24ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍စိတ် နှလုံးအကြွင်းမဲ့သစ္စာနှင့်ဝတ်ပြုကြလော့။ သင်တို့သည်ကိုယ်တော်ပြုတော်မူခဲ့သည့်ထူး မြတ်သောအမှုတော်တို့ကိုအောက်မေ့သတိရ ကြလော့။-
Psalms 22:3သို့ရာတွင်ကိုယ်တော်ရှင်သည်ပလ္လင်တော်ပေါ်တွင် စံတော်မူသောအရှင်၊ ဣသရေလအမျိုးသားတို့ထောမနာပြုခြင်းကို ခံတော်မူရသောအရှင်ဖြစ်တော်မူပါ၏။
Psalms 109:1အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါ၏။ ဆိတ်ဆိတ်နေတော် မမူပါနှင့်။
Isaiah 60:19``နေ့အခါနေသည်လည်းကောင်း၊ ညဥ့်အခါလသည်လည်းကောင်း၊ သင်၏အလင်းဖြစ်တော့မည်မဟုတ်။ ငါထာဝရဘုရားသည်သာလျှင်သင်၏ အတွက် ထာဝစဉ်အလင်းဖြစ်လိမ့်မည်။ ငါ၏ဘုန်းအသရေရောင်ခြည်တော်သည် သင့်အပေါ်၌ထွန်းလင်းလိမ့်မည်။