တရားဟောရာကျမ်း 17:15
ထာဝရဘုရားရွေးချယ်တော်မူသောသူ ကိုသာဘုရင်တင်မြှောက်ရမည်။ သူသည် သင်တို့၏အမျိုးသားချင်းထဲမှဖြစ်ရ မည်။ လူမျိုးခြားကိုဘုရင်မတင်မြှောက်ရ။-
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 10:24ရှမွေလကလူတို့အား``ထာဝရဘုရား ရွေးချယ်တော်မူသောသူကားဤသူတည်း။ ငါတို့တွင်သူနှင့်တူသူတစ်ယောက်မျှ မရှိ'' ဟုဆို၏။ လူအပေါင်းတို့သည်လည်း``အရှင်မင်းကြီး သက်တော်ရှည်ပါစေသော'' ဟုကြွေးကြော် ကြ၏။
1 Samuel 16:12သို့ဖြစ်၍ယေရှဲသည်ထိုသားကိုခေါ်စေ၏။ သူသည်တင့်တယ်လှပ၊ ကျန်းမာသန်စွမ်းသော လူငယ်လူရွယ်တစ်ဦးဖြစ်၏။ သူ၏မျက်စိ များသည်တောက်ပကြည်လင်၏။ ထာဝရ ဘုရားကရှမွေလအား``ငါရွေးချယ်သူ ကားဤသူပေတည်း။ သူ့အားဘိသိက်ပေး လော့'' ဟုမိန့်တော်မူ၏။-
2 Samuel 5:2အတိတ်ကာလ၌ရှောလုဘုရင်ဖြစ်စဉ်အခါ ကအရှင်သည် ဣသရေလအမျိုးသားအပေါင်း တို့အားဦးစီးခေါင်းဆောင်ပြု၍စစ်ပွဲဝင်ခဲ့ ပါ၏။ ထာဝရဘုရားကလည်း`သင်သည်ငါ ၏လူမျိုးတော်ကိုခေါင်းဆောင်ရမည်။ သူတို့၏ ဘုရင်ဖြစ်ရမည်' ဟုအရှင့်အားမိန့်တော်မူ ခဲ့ပါ၏'' ဟုလျှောက်ကြ၏။-
1 Chronicles 22:10သူသည်ငါ၏အဖို့ဗိမာန်တော်တစ်ဆောင် ကိုတည်ဆောက်ရလိမ့်မည်။ သူသည်ငါ၏ သားဖြစ်ရလိမ့်မည်။ ငါသည်လည်းသူ၏ အဖဖြစ်လိမ့်မည်။ သူ၏နန်းဆက်သည် ဣသရေလနိုင်ငံတွင်အစဉ်အမြဲတည် လိမ့်မည်' ဟုမိန့်တော်မူ၏'' ဟူ၍ပြော ကြားတော်မူ၏။
Psalms 2:2ထိုသူတို့၏ဘုရင်တို့သည်ပုန်ကန်ကြ၏။ သူတို့၏ဘုရင်တို့သည်ထာဝရဘုရားနှင့် ကိုယ်တော်ဘိသိက်ပေးတော်မူသောဘုရင်အား ပုန်ကန်ရန်လျှို့ဝှက်တိုင်ပင်ကြ၏။
Psalms 89:20ငါ၏အစေခံဒါဝိဒ်ကိုဆီတော်ဖြင့်ဘိသိက် ပေး၍ ဘုရင်အဖြစ်ငါခန့်ထားပြီ။