The Bible Software
bible.software › တရားဟောရာကျမ်း › တရားဟောရာကျမ်း 18 › တရားဟောရာကျမ်း 18:2

တရားဟောရာကျမ်း 18:2

အ​ခြား​သော​အ​မျိုး​သား​ချင်း​တို့​ကဲ့​သို့​ကိုယ် ပိုင်​နယ်​မြေ​မ​ရှိ​ရ။ သူ​တို့​၏​ရ​ပိုင်​ခွင့်​သည် ကား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ရ​သည့် အ​ခွင့်​ထူး​ပေ​တည်း။''

Common Language Bible

In The King James Version

Therefore shall they have no inheritance among their brethren: the LORD is their inheritance, as he hath said unto them.

In Context

1``ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​ဖြစ်​သော​လေဝိ​အ​နွယ် ဝင်​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​နယ် မြေ​ဝေ​စု​မ​ရ​ရှိ​စေ​ရ။ သို့​ရာ​တွင်​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပူ​ဇော်​သော​လှူ ဖွယ်​များ​ကို​သုံး​ဆောင်​ကြ​ရ​မည်။-

3``နွား​သို့​မ​ဟုတ်​သိုး​ကို​ယဇ်​ပူ​ဇော်​သော​အ​ခါ ပ​ခုံး၊ မေး​ရိုး​နှင့်​အ​စာ​အိမ်​ကို​ယဇ်​ပု​ရော ဟိတ်​တို့​အား​ပေး​ရ​မည်။-

Read all of တရားဟောရာကျမ်း 18

Cross References

Numbers 18:20ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``ဣ​သ​ရေ​လ နိုင်​ငံ​တွင် သင်​အ​မွေ​ခံ​ရန်​ပစ္စည်း၊ သင်​ပိုင်​မြေ ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​မှီ​ခို​အား​ထား​ရာ​ဖြစ်​သည်'' ဟု​မိန့်​တော် မူ​၏။

Psalms 16:5အို ထာ​ဝ​ဘု​ရား၊ ကျွန်​တော်​မျိုး​မှီ​ခို​ရာ​ကိုယ်​တော်​ရှင်​တစ်​ပါး သာ​လျှင် ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​လို​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို​လည်း ကိုယ်​တော်​ရှင်​ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​နာ​ဂတ်​သည်​ကိုယ်​တော်​၏ လက်​ဝယ်​ရှိ​ပါ​၏။

Psalms 84:11ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​အား ကွယ်​ကာ​တော်​မူ​သော​အ​ရှင်၊ဘုန်း​ကြီး​တော် မူ​သော ဘု​ရင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​တို့​အား​သ​နား​ကြင်​နာ​၍ ချီး​မြှင့်​တော်​မူ​၏။ ကိုယ်​တော်​သည်​မှန်​ရာ​ကို​ပြု​ကျင့်​သူ​တို့​အား ကောင်း​မြတ်​သည့်​အ​ရာ​များ​ကို​ပေး​ရန်​ငြင်း တော်​မ​မူ။

Isaiah 61:6သင်​တို့​မူ​ကား၊ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​များ၊ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကြီး​များ​ဟု နာ​မည်​တွင်​လျက်၊ လူ​မျိုး​တ​ကာ​တို့​၏​စည်း​စိမ်​ချမ်း​သာ​များ​ကို ခံ​စား​ကာ၊ ယင်း​သို့​ခံ​စား​ရ​သည့်​အ​တွက်​ဂုဏ်​ယူ ဝါ​ကြွား​ကြ​လိမ့်​မည်။

Ezekiel 44:28``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပေး အပ်​သည့်​အ​ရာ​များ​အ​နက်​ယဇ်​ပု​ရော​ဟိတ် တို့​ခံ​ယူ​ရ​မည့်​ဝေ​စု​မှာ​ယဇ်​ပု​ရော​ဟိတ်​ရာ ထူး​ပင်​ဖြစ်​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည် တွင်​မြေ​ယာ​ပိုင်​ဆိုင်​ခွင့်​မ​ရှိ​စေ​ရ။ ငါ့​ကို သာ​လျှင်​သူ​တို့​လို​အပ်​သည်။-

1 Peter 2:9သို့​ရာ​တွင်​သင်​တို့​သည်​အ​ရွေး​ခံ​လူ​မျိုး​ဖြစ် ၏။ တော်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ၊ သန့်​ရှင်း​မြင့် မြတ်​သည့်​လူ​မျိုး၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ သော​လူ​မျိုး​ဖြစ်​ကြ​၏။ ယင်း​သို့​ရွေး​ချယ်​တော် မူ​ခြင်း​ခံ​ရ​သည်​မှာ ဘု​ရား​သ​ခင်​ပြု​တော် မူ​သော​အံ့​ဖွယ်​ကောင်း​သည့်​အ​မှု​အ​ရာ​များ ကို​ဖော်​ပြ​ကြေ​ညာ​နိုင်​စေ​ခြင်း၊ ဘု​ရား​သ​ခင် သည်​သင်​တို့​အား​အ​မှောင်​ထဲ​မှ​အံ့​ဖွယ်​ရာ အ​လင်း​ထဲ​သို့​ခေါ်​ယူ​တော်​မူ​ပေ​သည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တရားဟောရာကျမ်း 18:2

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တရားဟောရာကျမ်း 18:1တရားဟောရာကျမ်း 18တရားဟောရာကျမ်း 18:3 →