တရားဟောရာကျမ်း 20:14
သို့ရာတွင်မိန်းမများ၊ ကလေးများ၊ သိုးနွား စသောတိရစ္ဆာန်များနှင့်မြို့တွင်း၌ရှိသမျှ သောပစ္စည်းများကို သင်တို့အတွက်သိမ်းယူ နိုင်သည်။ ထာဝရဘုရားသည်ရန်သူပိုင်သမျှ ပစ္စည်းအားလုံးကို သင်တို့သုံးစွဲရန်သင်တို့ လက်သို့ပေးအပ်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 31:12ယေရိခေါမြို့တစ်ဖက်ယော်ဒန်မြစ်နားရှိ မောဘလွင်ပြင်တွင် စခန်းချလျက်ရှိသော မောရှေ၊ ဧလာဇာနှင့်ဣသရေလအမျိုး သားတို့ထံယူဆောင်ခဲ့ကြလေသည်။
Deuteronomy 2:35တိရစ္ဆာန်များနှင့်မြို့များရှိပစ္စည်းများကိုကား သိမ်းယူကြ၏။-
Joshua 11:14ဣသရေလအမျိုးသားတို့သည်ထိုမြို့ များမှပစ္စည်းဥစ္စာရှိသမျှနှင့်သိုးနွား တိရစ္ဆာန်တို့ကို မိမိတို့အတွက်သိမ်းယူ ကြသည်။ မြို့သူမြို့သားများကိုမူကား တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့ လေသည်။-
2 Chronicles 14:13ထိုသူတို့ကိုအာသနှင့်သူ၏တပ်သားတို့ သည်ဂေရာမြို့တိုင်အောင်လိုက်လံတိုက်ခိုက် ကြလေသည်။ ဆူဒန်အမျိုးသားအမြောက် အမြားကျဆုံးသဖြင့်သူတို့သည်ပြန်လည် တိုက်ခိုက်ရန်စုရုံးနိုင်စွမ်းမရှိကြတော့ချေ။ ထာဝရဘုရားနှင့်ယုဒတပ်မတော်၏လက် တွင်အရေးရှုံးနိမ့်ကြလေ၏။ ယုဒတပ်မ တော်သားတို့သည်လည်းလက်ရပစ္စည်းအမြောက် အမြားကိုသိမ်းယူရရှိကြလေသည်။-