တရားဟောရာကျမ်း 24:16
``သားသမီးတို့၏ပြစ်မှုကြောင့် မိဘတို့သေ ဒဏ်မခံစေရ။ ထိုနည်းတူမိဘတို့၏ပြစ်မှု ကြောင့် သားသမီးတို့သေဒဏ်မခံစေရ။ လူ တိုင်းမိမိ၏ပြစ်မှုကြောင့်သာသေဒဏ်ခံ စေရမည်။
Common Language Bible
In The King James Version
In Context
Cross References
2 Kings 14:5အာမဇိသည်မိမိ၏အာဏာတည်သည်နှင့် တစ်ပြိုင်နက် ခမည်းတော်ဘုရင်မင်းကိုလုပ် ကြံသည့်မှူးမတ်တို့ကိုကွပ်မျက်လေ၏။-
2 Chronicles 25:4သို့ရာတွင်သူတို့၏သားသမီးတို့ကိုကား``မိ ဘတို့သည်သားသမီးတို့ကူးလွန်သည့်ပြစ်မှု ကြောင့်အသတ်မခံစေရ။ သားသမီးတို့သည် လည်းမိဘတို့ကူးလွန်သည့်ပြစ်မှုကြောင့် အသတ်မခံစေရ။ မည်သူမဆိုမိမိကူး လွန်သည့်ပြစ်မှုကြောင့်သာအသတ်ခံစေရ မည်'' ဟူ၍မောရှေ၏ပညတ်ကျမ်းတွင်ပါ ရှိသည့်ထာဝရဘုရား၏ပညတ်တော်နှင့် အညီမကွပ်မျက်ချေ။
Jeremiah 31:30စပျစ်ချဉ်သီးကိုစားသူမှန်သမျှသည် မိမိတို့ ကိုယ်တိုင်သွားကျိန်းရကြလိမ့်မည်။ လူတိုင်းပင် မိမိတို့အပြစ်အတွက်သေရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Ezekiel 18:20သေရမည့်သူကားအပြစ်ကူးလွန်သူ ဖြစ်၏။ သားဖြစ်သူသည်ဖခင်ပြုသည့် အပြစ်များ၏အကျိုးဆက်ကိုခံရမည် မဟုတ်။ ဖခင်ဖြစ်သူသည်လည်းသားပြု သည့်အပြစ်များ၏အကျိုးဆက်ကိုခံ ရမည်မဟုတ်။ လူကောင်းသည်ကောင်းမှု ကိုပြုသည့်အတွက်ကောင်းကျိုး၊ ဆိုးညစ် သောသူသည်ဆိုးညစ်မှုကိုပြုသည့် အတွက်ဆိုးကျိုးကိုလည်းကောင်းခံရ လိမ့်မည်။