ယေဇကျေလအနာဂတ္တိကျမ်း 18:20
သေရမည့်သူကားအပြစ်ကူးလွန်သူ ဖြစ်၏။ သားဖြစ်သူသည်ဖခင်ပြုသည့် အပြစ်များ၏အကျိုးဆက်ကိုခံရမည် မဟုတ်။ ဖခင်ဖြစ်သူသည်လည်းသားပြု သည့်အပြစ်များ၏အကျိုးဆက်ကိုခံ ရမည်မဟုတ်။ လူကောင်းသည်ကောင်းမှု ကိုပြုသည့်အတွက်ကောင်းကျိုး၊ ဆိုးညစ် သောသူသည်ဆိုးညစ်မှုကိုပြုသည့် အတွက်ဆိုးကျိုးကိုလည်းကောင်းခံရ လိမ့်မည်။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 18
Cross References
Exodus 32:33ထာဝရဘုရားက``ငါ့ကိုပြစ်မှားသူ၏ နာမည်ကိုသာငါ၏စာအုပ်မှပယ်ဖျက်မည်။-
Leviticus 5:17တစ်စုံတစ်ယောက်သည် ထာဝရဘုရား၏ ပညတ်တော်တစ်ပါးပါးကိုအမှတ်မထင် ချိုးဖောက်မိလျှင် သူသည်အပြစ်ကူးလွန် သဖြင့်အပြစ်ဒဏ်ကိုပေးဆောင်ရမည်။-
Leviticus 16:22ဤနည်းအားဖြင့်ဆိတ်သည်လူသူကင်းမဲ့သော အရပ်သို့ လူ၏ဒုစရိုက်အပြစ်ရှိသမျှတို့ ကိုသယ်ဆောင်သွားလိမ့်မည်။
Numbers 18:1ထာဝရဘုရားကအာရုန်အား``သင်နှင့်တကွ သင်၏သားများနှင့်လေဝိအနွယ်ဝင်တို့သည် ငါစံတော်မူရာတဲတော်နှင့်ဆိုင်သောဝတ်ကို ဆောင်ရွက်ရာ၌ မှားယွင်းချွတ်ချော်ခဲ့သော် အပြစ်ဒဏ်ကိုသင်တို့ခံရကြမည်။ သို့ရာ တွင်ယဇ်ပုရောဟိတ်တာဝန်ကိုထမ်းဆောင် ရာ၌မှားယွင်းချွတ်ချော်ခဲ့လျှင်မူကား သင် နှင့်သင်၏သားတို့သာအပြစ်ဒဏ်ကို ခံရကြမည်။-
1 Kings 8:32အို ထာဝရဘုရား၊ ကောင်းကင်ဘုံကနေ၍နား ထောင်တော်မူပြီးလျှင် ကိုယ်တော်၏အစေခံများ အားတရားစီရင်တော်မူပါ။ အပြစ်ရှိသူအား ထိုက်လျောက်ရာအပြစ်ကိုပေးတော်မူ၍ အပြစ် မဲ့သူအားအပြစ်မှလွတ်စေတော်မူပါ။''
2 Kings 14:6သို့ရာတွင်သူသည်ထိုသူတို့၏သားသမီး တို့ကိုမူမသတ်ဘဲ``မိဘတို့သည်သားသမီး များကူးလွန်သည့်ပြစ်မှုများအတွက် အသတ် မခံစေရ။ သားသမီးတို့သည်လည်း မိဘတို့ ကူးလွန်သည့်ပြစ်မှုများအတွက်အသတ် မခံစေရ။ လူတစ်စုံတစ်ယောက်သည်မိမိ ကိုယ်တိုင်ကူးလွန်သည့်ပြစ်မှုအတွက်သာ လျှင် အသတ်ခံစေရမည်'' ဟူ၍မောရှေ၏ ပညတ်ကျမ်းတွင် ပါရှိသည့်ထာဝရဘုရား ၏ပညတ်တော်ကိုလိုက်လျှောက်ကျင့်သုံး တော်မူ၏။