တရားဟောရာကျမ်း 26:19
ကိုယ်တော်သည်မိမိဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့ထက် သင်တို့အားပို၍ ကြီးမြတ်စေတော်မူလိမ့်မည်။ သင်တို့အား ဖြင့်ကိုယ်တော်၏ဘုန်းကျက်သရေထွန်း ပြောင်လာလိမ့်မည်။ ကတိတော်ရှိသည့် အတိုင်း သင်တို့သည်ကိုယ်တော်၏လူမျိုး တော်ဖြစ်လိမ့်မည်'' ဟုပြောဆိုလေ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 19:5သင်တို့သည်ငါ၏စကားကိုနားထောင်၍၊ ငါ ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင်ငါပိုင်သော လူမျိုးဖြစ်ကြလိမ့်မည်။ ဤကမ္ဘာမြေကြီး အလုံးစုံကိုငါပိုင်တော်မူသည်။ သို့သော် သင်တို့သည်ငါရွေးကောက်တော်မူသော သူများဖြစ်ရကြမည်။-
Deuteronomy 4:7``ငါတို့၏ဘုရားသခင်ထာဝရဘုရား သည် ငါတို့အကူအညီလိုသည့်အခါတိုင်း ငါတို့အနားတွင်ရှိတော်မူ၏။ ဤကဲ့သို့ သောဘုရားကိုကိုးကွယ်သည့်လူမျိုးကြီး ရှိသေးသလော။-
Deuteronomy 28:1သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်ကိုနာခံ၍ ယနေ့ငါဆင့်ဆို သမျှသောပညတ်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းစောင့်ထိန်းလျှင် ကိုယ်တော်သည်သင်တို့ အားကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ထက် ချီးမြှောက်တော်မူမည်။-
Deuteronomy 28:13သင်တို့အားငါယနေ့ဆင့်ဆိုသောပညတ် များကိုတစ်သဝေမတိမ်းလိုက်နာစောင့်ထိန်း လျှင် သင်တို့သည်နိုင်ငံများ၏နောက်လိုက်မဖြစ် ဘဲခေါင်းဆောင်နေရာ၌နေရလိမ့်မည်။ သင် တို့သည်စီးပွားမကျဆင်းဘဲ အစဉ်အမြဲ တိုးတက်လိမ့်မည်။-
Isaiah 62:12သင်တို့သည်``ထာဝရဘုရား၏သန့်ရှင်း မြင့်မြတ်သည့် လူမျိုးတော်၊'' ``ထာဝရဘုရားကယ်တင်တော်မူခဲ့သည့် လူမျိုးတော်'' ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရကြလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း``ဘုရားသခင် ချစ်မြတ်နိုးသည့်မြို့'' ``ဘုရားသခင်စွန့်ပစ်တော်မမူသည့်မြို့'' ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။
Jeremiah 13:11ဣသရေလနှင့်ယုဒပြည်သားအပေါင်း တို့သည်ငါ၏လူမျိုးတော်ဖြစ်လာကြ လျက် ငါ၏နာမတော်ကိုချီးမွမ်းထော မနာပြုကြစိမ့်သောငှာ ငါသည်သူတို့ အားလူ၏ခါး၌တင်းကျပ်စွာကပ်လျက် နေသည့်ခါးဝတ်ကဲ့သို့ ငါနှင့်နီးနီးကပ် ကပ်ရှိနေစေလိုသည်။ သို့သော်သူတို့ သည်ငါ့စကားကိုနားမထောင်ကြ။