တရားဟောရာကျမ်း 3:21
``ထိုအခါကငါသည်ယောရှုအားလည်း`သင် ၏ဘုရားသခင်ထာဝရဘုရားသည် ထိုဘုရင် နှစ်ပါးတို့အားစီရင်တော်မူခဲ့ပုံအလုံးစုံကို သိမြင်ခဲ့ရပြီ။ ထာဝရဘုရားသည်သင်ဝင် ရောက်တိုက်ခိုက်သမျှသောတိုင်းနိုင်ငံဘုရင် တို့ကိုလည်း ထိုနည်းတူစီရင်တော်မူလိမ့် မည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 27:18ထာဝရဘုရားသည်မောရှေအား``နုန်၏သား ယောရှုသည်အစွမ်းသတ္တိနှင့်ပြည့်စုံသူဖြစ် သောကြောင့် သူ၏ဦးခေါင်းပေါ်မှာသင့်လက် ကိုတင်လော့။-
Deuteronomy 7:19သင်တို့ကိုယ်တိုင်မြင်ခဲ့ရသောကြောက်မက်ဖွယ် ကပ်ကြီးများ၊ အံ့သြဖွယ်သောနိမိတ်လက္ခဏာ များ၊ သင်တို့အားလွတ်မြောက်စေခဲ့သော သင်တို့ ၏ဘုရားသခင်ထာဝရဘုရား၏မဟာတန် ခိုးတော်နှင့်လက်ရုံးတော်တို့ကိုသတိရကြ လော့။ ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေကြေပျက်စီးစေခဲ့သည့်နည်းတူ ယခုသင်တို့ကြောက်ရွံ့သောလူမျိုးအပေါင်း တို့ကိုလည်းသေကြေပျက်စီးစေတော်မူ မည်။-
1 Samuel 17:36အကျွန်ုပ်သည်ခြင်္သေ့နှင့်ဝက်ဝံတို့ကိုသတ်ခဲ့သူ ဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင်၏ တပ်မတော်ကိုအံတုသူ၊ ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားအားလည်းသတ်ဖြတ်နိုင်ပါသည်။-
2 Corinthians 1:10သင်တို့သည်ငါတို့အတွက်ဆုတောင်းပတ္ထ နာပြုခြင်းအားဖြင့်ကူညီကြသည်နှင့် အညီ ကိုယ်တော်သည်ဤသို့ကြောက်မက် ဖွယ်ကောင်းသောသေဘေးမှငါတို့အား ကယ်တင်တော်မူ၏။ နောင်အခါ၌လည်း ကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ငါတို့အားတစ်ဖန်ကယ်တင်တော်မူဦး မည်ဟုငါတို့ယုံကြည်မျှော်လင့်ကြ၏။ သို့ဖြစ်၍ဘုရားသခင်သည်သင်တို့ တောင်းလျှောက်သည့်ဆုတောင်းပတ္ထနာများ ကိုနားညောင်းတော်မူ၍ ငါတို့အားကောင်း ချီးပေးတော်မူလိမ့်မည်။ လူအမြောက် အမြားပင်လျှင်ငါတို့အတွက်ကျေးဇူး တော်ကိုချီးမွမ်းကြလိမ့်မည်။
Ephesians 3:20ငါတို့စိတ်နှလုံးကိုပြုပြင်တော်မူသော တန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက် ကြံစည်သမျှသောအရာတို့ထက်သာလွန် ပိုမို၍ချပေးတော်မူနိုင်သောဘုရားသခင် သည် အသင်းတော်အားဖြင့်လည်းကောင်း၊ ခရစ်တော်ယေရှုအားဖြင့်လည်းကောင်း ထာဝစဉ်ကမ္ဘာအဆက်ဆက်ဘုန်းအသရေ ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။