တရားဟောရာကျမ်း 30:13
သင်တို့က`အကျွန်ုပ်တို့သည်ပညတ်တရား တော်ကိုကြားနာစောင့်ထိန်းနိုင်ရန် အဘယ် သူသည်သမုဒ္ဒရာကိုဖြတ်ကူး၍အကျွန်ုပ် တို့ထံသို့ယူဆောင်ခဲ့ပါမည်နည်း' ဟူ၍ မေးမြန်းရလောက်အောင်သမုဒ္ဒရာတစ် ဖက်စွန်း၌ရှိသည်မဟုတ်။-
Common Language Bible
In The King James Version
In Context
Cross References
Proverbs 2:1ငါ့သား၊ သင်သည်ပညာစကားကို နားထောင်၍၊
Proverbs 8:11အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက် သာ၍မြတ်၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
Matthew 12:42ဒက္ခိဏပြည်ကဘုရင်မသည်ဉာဏ်ပညာရှင် ရှောလမုန်မင်းကြီး၏စကားကိုကြားနာရန် ဝေးလံရပ်ခြားတိုင်းတစ်ပါးမှလာရောက်ခဲ့၏။ သို့ဖြစ်၍တရားစီရင်တော်မူရာနေ့၌သူသည် ထ၍သင်တို့အားပြစ်တင်စွပ်စွဲလိမ့်မည်။ ဤ အရပ်တွင်ရှောလမုန်မင်းထက်ကြီးမြတ်သည့် အရာရောက်ရှိနေလေပြီဟုငါဆို၏။
Acts 8:27သို့ဖြစ်၍ဖိလိပ္ပုသည်ထ၍သွားလေသည်။ ထိုစဉ်အခါ၌အဲသယောပိပြည်မှမိန်းမ စိုးအရာရှိတစ်ယောက်သည် ယေရုရှလင်မြို့ သို့သွားရောက်၍ဘုရားသခင်အားကိုးကွယ် ဝတ်ပြုပြီးနောက် မိမိအိမ်သို့ပြန်လည်ထွက်ခွာ လာ၏။ သူသည်အဲသယောပိဘုရင်မကန္ဒက် ၏ဘဏ္ဍာရေးမှူးချုပ်ဖြစ်၏။ သူသည်ရထားစီး လျက်ပရောဖက်ဟေရှာယကျမ်းကိုဖတ်နေ ၏။-
Acts 10:33ထိုကြောင့်အကျွန်ုပ်သည်ချက်ချင်းပင်အရှင် ၏ထံသို့လူလွှတ်ခဲ့ပါသည်။ အရှင်ကြွလာ သည့်အတွက်ကျေးဇူးကြီးလှပါ၏။ ကိုယ်တော် အားဖြင့်ထာဝရဘုရားမိန့်တော်မူသမျှ သောစကားတော်တို့ကိုကြားနာရန် အကျွန်ုပ် တို့သည်ဘုရားသခင်၏ရှေ့တော်မှောက်သို့ ရောက်ရှိနေကြပါပြီ'' ဟုပြောဆို၏။
Romans 10:14သို့ရာတွင်ထိုသူတို့သည်ကိုယ်တော်ကိုယုံကြည် မှုမရှိလျှင် အဘယ်သို့ကိုယ်တော်ထံသို့ပတ္ထနာ ပြုနိုင်မည်နည်း။ နှုတ်ကပတ်တရားတော်ကို မကြားလျှင်အဘယ်သို့ယုံကြည်နိုင်မည်နည်း။ နှုတ်ကပတ်တရားတော်ကိုဟောပြောကြေညာ သူမရှိလျှင်အဘယ်သို့ကြားနိုင်မည်နည်း။-