တရားဟောရာကျမ်း 30:15
``ယနေ့ငါသည်သင်တို့အား အကောင်းသို့ မဟုတ်အဆိုး၊ အသက်ရှင်ခြင်းသို့မဟုတ် သေခြင်းကိုရွေးချယ်စေပြီ။-
Common Language Bible
In The King James Version
See, I have set before thee this day life and good, and death and evil;
In Context
Cross References
Deuteronomy 28:1သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်ကိုနာခံ၍ ယနေ့ငါဆင့်ဆို သမျှသောပညတ်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းစောင့်ထိန်းလျှင် ကိုယ်တော်သည်သင်တို့ အားကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ထက် ချီးမြှောက်တော်မူမည်။-
Deuteronomy 30:19ငါသည်ယခုသင်တို့အားအသက်ရှင်ခြင်းသို့ မဟုတ်သေခြင်း၊ ဘုရားသခင်ထံတော်မှကောင်း ချီးမင်္ဂလာသို့မဟုတ်အမင်္ဂလာကိုရွေးခွင့် ပေး၏။ သင်တို့ရွေးယူသည်ကို ကောင်းကင်နှင့် မြေကြီးသက်သေဖြစ်ပါစေ။ အသက်ရှင် ခြင်းကိုရွေးယူကြလော့။-
Jeremiah 21:8ထိုနောက်ထာဝရဘုရားက လူတို့အား ပြောကြားစေသည်မှာ``နားထောင်လော့၊ ငါ ထာဝရဘုရားသည်သင်တို့ရွေးချယ်နိုင် ရန်အတွက်အသက်ရှင်ရာလမ်းနှင့် အသက် သေရာလမ်းကိုဖွင့်ပြထားမည်ဖြစ် ကြောင်းပြောကြားလော့။-
Mark 16:16ယုံကြည်၍ဗတ္တိဇံမင်္ဂလာခံယူသူမှန်သမျှ ကို ဘုရားသခင်သည်ကယ်တင်တော်မူလိမ့်မည်။ မယုံကြည်သူမှန်သမျှကိုမူအြုပစ်ဒဏ်စီရင် တော်မူလိမ့်မည်။-
Galatians 3:13``သစ်တိုင်ပေါ်မှာဆွဲ၍အသတ်ခံရသူသည် ဘုရားသခင်၏ကျိန်စာသင့်သူဖြစ်၏'' ဟု ကျမ်းစာလာသည်နှင့်အညီ ခရစ်တော်သည် ငါတို့အတွက်ကျိန်စာသင့်သူအဖြစ်ကိုခံ ယူတော်မူပြီးနောက် ငါတို့အားပညတ်တရား ကြောင့်ကျိန်စာသင့်သည့်ဘေးမှရွေးနုတ် ကယ်တင်တော်မူ၏။-
1 John 3:23ကိုယ်တော်၏ပညတ်တော်ဟူမူကားငါတို့ သည်ဘုရားသခင်၏သားတော်ယေရှုခရစ် ကိုယုံကြည်ရကြမည်။ ထိုအရှင်မိန့်တော်မူ သည်အတိုင်း အချင်းချင်းတစ်ယောက်ကို တစ်ယောက်ချစ်ရကြမည်ဟူ၍ဖြစ်ပေသည်။-