Ephesians 3:7
တန်ခိုးတော်ပြုပြင်သောအားဖြင့်ငါ့အား ဘုရားသခင်ပေးသနားတော်မူသောအထူး ဆုကျေးဇူးတော်နှင့်အညီငါသည်သတင်း ကောင်းကိုကြေညာသူဖြစ်လာ၏။-
Common Language Bible
In The King James Version
In Context
Cross References
Isaiah 43:13ငါသည်ဘုရားသခင်ဖြစ်၏။ နောင်ကိုလည်းအစဉ်အမြဲဤသို့ဖြစ်၍နေ မည်သာ၊ ငါ၏တန်ခိုးတော်ကိုအဘယ်သူမျှလုယူ နိုင်လိမ့်မည်မဟုတ်၊ ငါပြုသောအမှုကိုအဘယ်သူမျှမပြင် နိုင်ရာ'' ဟုမိန့်တော်မူ၏။
Romans 15:16ထိုအခွင့်ထူးမှာလူမျိုးခြားတို့အတွက်အမှု တော်ဆောင်ရန် ခရစ်တော်ယေရှု၏အစေခံဖြစ် ရသောအခွင့်ထူးပင်ဖြစ်၏။ လူမျိုးခြားတို့ သည်ဘုရားသခင်နှစ်သက်ဖွယ်ရာပူဇော် သကာအဖြစ် ဘုရားသခင်အားသန့်ရှင်းသော ဝိညာဉ်တော်ကဆက်ကပ်သူများဖြစ်လာ ကြစေရန် ငါသည်ယဇ်ပုရောဟိတ်၏လုပ်ငန်း တာဝန်ကိုထမ်းဆောင်လျက် ဘုရားသခင် ထံတော်မှသတင်းကောင်းကိုဟောပြော ကြေညာ၏။-
1 Corinthians 3:5အာပေါလုကားအဘယ်သူနည်း။ ပေါလုကား အဘယ်သူနည်း။ သူတို့သည်ဘုရားသခင်၏ အစေခံများသာလျှင်ဖြစ်၍ သင်တို့ယုံကြည် လာစေရန်ပြုစုပေးကြသူများဖြစ်၏။ ငါ တို့တစ်ဦးစီသည်သခင်ဘုရားခွဲဝေသတ် မှတ်ပေးတော်မူသောတာဝန်အသီးသီး ကိုထမ်းဆောင်ကြရသည်။-
2 Corinthians 3:6ငါတို့သည်ပဋိညာဉ်တရားသစ်အတွက် အမှုတော်ထမ်းဆောင်နိုင်ရန် ကိုယ်တော်သည် ငါတို့အားစွမ်းရည်သတ္တိများကိုပေးတော် မူ၏။ ထိုပဋိညာဉ်တရားသစ်ကားအက္ခရာ တင်ထားသည့်ပညတ်တရားမဟုတ်။ ဝိညာဉ် တော်တရားဖြစ်၏။ အက္ခရာတင်ထားသည့် ပညတ်သည်အသက်သေစေတတ်၏။ ဝိညာဉ် တော်မူကားအသက်ရှင်စေတတ်သတည်း။
2 Corinthians 10:4ငါတို့စွဲကိုင်သည့်လက်နက်များသည်လူသား တို့စွဲကိုင်သည့်လက်နက်များမဟုတ်။ ခံတပ်များ ကိုဖြိုဖျက်နိုင်သည့်ဘုရားသခင်၏တန်ခိုး တော်နှင့်ပြည့်စုံသောလက်နက်များဖြစ်၏။ ငါ တို့သည်မမှန်ကန်သည့်ဆွေးနွေးငြင်းခုံချက် များကိုလည်းကောင်း၊-