Ephesians 3:8
ငါသည်ဘုရားသခင်၏လူစုတော်တွင်အသိမ် ငယ်ဆုံးဖြစ်ပေသည်။ သို့ရာတွင်ကိုယ်တော်သည် ခရစ်တော်၏အတိုင်းမသိကြွယ်ဝချမ်းသာ ခြင်းဆိုင်ရာသတင်းကောင်းကိုလူမျိုးခြား တို့အားဟောပြောကြေညာရန်နှင့်၊-
Common Language Bible
In The King James Version
In Context
Cross References
1 Chronicles 17:16ဒါဝိဒ်မင်းသည်တဲတော်ထဲသို့ဝင်၍ထာဝရ ဘုရား၏ရှေ့တော်၌ထိုင်ပြီးလျှင်``အို ထာဝရ အရှင်ဘုရားသခင်၊ ကျွန်တော်မျိုးနှင့်ကျွန် တော်မျိုး၏အိမ်ထောင်စုသည် ကိုယ်တော်ရှင် ပြုတော်မူသောကျေးဇူးတော်အပေါင်းနှင့် မထိုက်တန်ပါ။-
Psalms 31:19ကိုယ်တော်ရှင်အားကြောက်ရွံ့ရိုသေကြသူတို့ ၏အတွက် သိုမှီးထားတော်မူသောကောင်းသောအရာ များကား အလွန်ပင်အံ့သြဖွယ်ကောင်းလှပါသည်တကား။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူကြောင်း ကိုလည်းကောင်း၊ အထံတော်၌ခိုလှုံကြသူတို့ကို ကွယ်ကာတော်မူကြောင်းကိုလည်းကောင်း လူအပေါင်းတို့သိကြပါ၏။
Luke 14:22မကြာမီအစေခံပြန်ရောက်လာ၍`အရှင်စေ ခိုင်းသည့်အတိုင်းဆောင်ရွက်ပြီးပါပြီ။ သို့ရာ တွင်နေရာလပ်ရှိပါသေးသည်' ဟုလျှောက်၏။-
Acts 5:41တမန်တော်တို့သည်မိမိတို့အားသခင်ယေရှု အတွက် အသရေပျက်ခြင်းကိုခံထိုက်သူများ အဖြစ်ဖြင့် ဘုရားသခင်မှတ်တော်မူသောကြောင့် ဝမ်းမြောက်စွာယုဒတရားလွှတ်တော်မှထွက် သွားကြ၏။-
Romans 2:4သို့တည်းမဟုတ်သင်သည်ကိုယ်တော်၏ ကရုဏာထားတော်မူခြင်း၊ စိတ်ရှည်တော်မူ ခြင်း၊ သည်းခံတော်မူခြင်းတို့ကိုမထီမဲ့ မြင်ပြုပါသလော။ ဘုရားသခင်သည်သင့် အားနောင်တရစေရန်လမ်းပြပို့ဆောင် လျက်ရှိတော်မူသည်ဖြစ်၍ ကိုယ်တော် ကရုဏာထားကြောင်းကိုသင်ဧကန် အမှန်ပင်သိ၏။-
Romans 12:10သင်တို့သည်ခရစ်ယာန်ညီအစ်ကိုများအနေ ဖြင့်တစ်ဦးကိုတစ်ဦးချစ်ကြလော့။ တစ်ဦး ကိုတစ်ဦးချီးမွမ်းရန်လျင်မြန်ကြစေ။-