Ephesians 6:12
ငါတို့သည်လူသတ္တဝါတို့နှင့်ဆိုင်ပြိုင်တိုက်ခိုက် ကြရသည်မဟုတ်။ ကောင်းကင်လောကမှဆိုး ယုတ်သောဝိညာဉ်တန်ခိုးရှင်နှင့်လည်းကောင်း၊ ဤအမှောင်လောကကိုအစိုးရသူများ၊ တန်ခိုး ရှင်များ၊ အာဏာပိုင်များနှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်ခိုက်ကြရ၏။-
Common Language Bible
In The King James Version
In Context
Cross References
Job 2:2ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲကလာပါသည်ဟု ပြန်လျှောက်လေ၏။
Luke 13:24ကိုယ်တော်က ``သင်တို့သည်ကျဉ်းမြောင်းသော တံခါးပေါက်ကိုဝင်ရန်ကြိုးစားအားထုတ်ကြ လော့။ လူအများပင်ထိုတံခါးပေါက်ကိုဝင်ရန် ကြိုးစားကြလိမ့်မည်။ သို့သော်ဝင်နိုင်စွမ်းရှိကြ လိမ့်မည်မဟုတ်ဟုသင်တို့အားငါဆို၏။-
John 12:31ဤလောကသည်ယခုပင်လျှင်တရားစီရင် ခြင်းခံရလေပြီ။ လောကကိုအစိုးရသူ သည်လည်းယခုပင်နှိမ်နင်းခြင်းခံရပေ တော့မည်။-
John 16:11လောကကိုအစိုးရသူသည်တရားစီရင် ခြင်းကိုခံရပြီဖြစ်သောကြောင့် တရားစီရင် တော်မူခြင်းအကြောင်းကိုဖော်ပြမည်။''
Romans 8:38အဘယ်ကြောင့်ဆိုသော်မည်သည့်အရာမျှငါ တို့အားကိုယ်တော်၏မေတ္တာတော်နှင့်မကွဲမကွာ စေနိုင်။ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်များဖြစ်စေ၊ ကောင်းကင်အာဏာ ပိုင်ဖြစ်စေ၊ ပစ္စုပ္ပန်အရာဖြစ်စေ၊ အနာဂတ် အရာဖြစ်စေ၊-
1 Corinthians 15:50ညီအစ်ကိုတို့၊ သင်တို့အားငါပြောလိုသည်မှာ လူ့အသွေးအသားသည်ဘုရားသခင်၏နိုင်ငံ တော်ကိုမခံမယူနိုင်။ ပုပ်ပျက်တတ်သောအရာ သည်လည်းမပုပ်မပျက်တတ်သောအဖြစ်ကို မခံမယူနိုင်။