The Bible Software
Esther · Common Language Bible

Esther 10

1ဇေ​ရဇ်​မင်း​သည်​မိ​မိ​၏​အင်​ပါ​ယာ​နိုင်​ငံ တော်​ကမ်း​ရိုး​တန်း​ဒေ​သ​များ​တွင်​နေ​ထိုင် သူ​များ​နှင့် နိုင်​ငံ​တော်​အ​တွင်း​ပိုင်း​တွင်​နေ ထိုင်​သူ​များ​ကို ချွေး​တပ်​များ​တွင်​အ​မှု ထမ်း​စေ​တော်​မူ​၏။-

2မင်း​ကြီး​သည်​အ​ဘယ်​မျှ​တန်​ခိုး​ကြီး​တော် မူ​ကြောင်း​နှင့်​ကြီး​မြင့်​သော​ရာ​ထူး​ဖြင့် မော်​ဒ ကဲ​အား​အ​ဘယ်​သို့​ချီး​မြှင့်​တော်​မူ​ကြောင်း ကို​ပေ​ရ​သိ​နှင့်​မေ​ဒိ​ဘု​ရင်​တို့​၏​တ​ရား ဝင်​မှတ်​တမ်း​များ​တွင်​ရေး​သား​ထား​ပေ သည်။-

3ယု​ဒ​အ​မျိုး​သား​မော်​ဒ​ကဲ​သည်​ဇေ​ရဇ်​ဘု​ရင် ပြီး​လျှင် နိုင်​ငံ​တော်​တွင်​တန်​ခိုး​အ​ကြီး​ဆုံး သော​သူ​ဖြစ်​၏။ သူ​သည်​ယု​ဒ​အ​မျိုး​သား တို့​၏​ချစ်​ခင်​ကြည်​ညို​ရို​သေ​လေး​စား​မှု​ကို ခံ​ရ​လေ​သည်။ သူ​သည်​မိ​မိ​လူ​မျိုး​၏​အ ကျိုး​နှင့် သူ​တို့​၏​သား​မြေး​များ​၏​လုံ​ခြုံ​မှု အ​တွက်​ဆောင်​ရွက်​ခဲ့​သော​သူ​ဖြစ်​ပေ​သည်။ ဧ​သ​တာ​ဝတ္ထု​ပြီး​၏။

← Esther 9Read In The App, Free →Job 1 →

Study Esther 10

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910