Esther 3:2
မင်းကြီးသည်ဟာမန်အားဦးညွတ်ရှိခိုး ၍အရိုအသေပေးကြရန် အမှုတော်ထမ်း အရာရှိအပေါင်းတို့အားအမိန့်ထုတ်ပြန် တော်မူသည့်အတိုင်းလိုက်နာကြလေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 17:14ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ အောင်ပွဲအကြောင်းကိုအမှတ်တရဖြစ်စေ ရန် ရေး၍မှတ်တမ်းတင်လော့။ ငါသည်အာမလက် အမျိုးသားတို့ကိုလုံးဝဖျက်ဆီးပစ်မည် ဖြစ်ကြောင်းယောရှုအားပြောလော့'' ဟုမိန့် တော်မူ၏။-
Deuteronomy 25:19သို့ဖြစ်၍သင်တို့သည်ဘုရားသခင်ထာဝရ ဘုရားပေးသနားတော်မူမည့်ပြည်သို့ရောက်၍ ပတ်ဝန်းကျင်ရန်သူတို့၏တိုက်ခိုက်မှုမှကင်း လွတ်ပြီးအေးချမ်းစွာနေထိုင်ရသောအခါ အာမလက်အမျိုးသားတို့ကိုတစ်ယောက် မကျန်သုတ်သင်ပစ်ရန်မမေ့ကြနှင့်။
Esther 2:5မြို့တော်ရှုရှန်တွင်ယာဣရ၏သား မော်ဒကဲ ဆိုသူယုဒအမျိုးသားတစ်ယောက်ရှိ၏။ သူ သည်ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၍ကိရှနှင့်ရှိမိ တို့မှဆင်းသက်လာသူဖြစ်၏။-
Esther 2:21နန်းတွင်း၌မော်ဒကဲသည် အုပ်ချုပ်ရေးတာဝန် ကိုထမ်းဆောင်နေရစဉ်အခါ ဘုရင့်အဆောင် တော်တံခါးစောင့်မိန်းမစိုးနှစ်ယောက်တို့သည် ဇေရဇ်မင်းအားအမျက်ထွက်သဖြင့်လုပ် ကြံရန်လျှို့ဝှက်ကြံစည်ကြ၏။-
Esther 3:3မော်ဒကဲတစ်ဦးတည်းသာလျှင်မလိုက်နာ ဘဲနေ၏။ အခြားနန်းတွင်းအရာရှိများက သူ့အား``သင်သည်အဘယ်ကြောင့်ဘုရင့်အမိန့် တော်ကိုဖီဆန်ပါသနည်း'' ဟုမေးမြန်းကာ၊-
Esther 5:9ညစာစားပွဲမှထွက်ခွာလာသောအခါ ဟာမန် သည်ဝမ်းမြောက်ပျော်ရွှင်လျက်နေ၏။ သို့ရာ တွင်သူသည်မော်ဒကဲကိုနန်းတော်အဝင်ဝ တွင်တွေ့ရှိရ၍ မော်ဒကဲကသူ့အားအရို အသေမပြုသောအခါ၌မူပြင်းစွာ အမျက်ထွက်လေသည်။-