ထွက်မြောက်ရာကျမ်း 15:13
ကတိတော်ရှိသည်အတိုင်းကိုယ်တော်သည် မိမိရွေးနုတ်သောလူမျိုးကိုပို့ဆောင်တော် မူ၏။ ကိုယ်တော်၏တန်ခိုးတော်ဖြင့်သူတို့အား ပြည်တော်သို့လမ်းပြတော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 15
Cross References
Genesis 19:16သို့သော်လည်းလောတသည်ဖင့်နွဲလျက်နေ၏။ ထာဝရဘုရားသည်သူ့ကိုသနားတော်မူ၏။ သို့ဖြစ်၍ကောင်းကင်တမန်တို့သည် သူနှင့်သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍ မြို့ပြင်သို့ထုတ်ကြ၏။-
Psalms 77:14ကိုယ်တော်ရှင်သည်ထူးဆန်းသော နိမိတ်လက္ခဏာများကိုပြတော်မူသော ဘုရားဖြစ်ပါ၏။ ကိုယ်တော်ရှင်သည်မိမိ၏ဘုန်းတန်ခိုးတော် တို့ကို လူမျိုးတကာတို့အားပြတော်မူခဲ့ပါ၏။
Psalms 77:20ကိုယ်တော်ရှင်သည်မောရှေနှင့်အာရုန်တို့၏ ကွပ်ကဲမှုဖြင့် မိမိ၏လူစုတော်အားသိုးထိန်းသဖွယ် ပို့ဆောင်တော်မူပါ၏။
Psalms 80:1ဣသရေလအမျိုးသားတို့၏သိုးထိန်းတော် ကြီး၊ ကျွန်တော်မျိုးတို့၏ပန်ကြားချက်ကို နားထောင်တော်မူပါ။ သိုးစုတော်ကိုရှေ့ဆောင်လမ်းပြတော်မူသော အရှင်၊ ကျွန်တော်မျိုးတို့လျှောက်ထားချက်ကို နားညောင်းတော်မူပါ။ ခေရုဗိမ်ရုပ်အထက်စံတော်မူသောအရှင်၊
Isaiah 57:15``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
Isaiah 63:12မောရှေအားဖြင့်တန်ခိုးတော်ကိုအသုံးပြု ကာ မိမိ၏လူမျိုးတော်ရှေ့၌ပင်လယ်ရေကို နှစ်ချမ်းကွဲစေတော်မူပြီးလျှင် ထာဝစဉ်ကျော် ကြားလာတော်မူသောထာဝရဘုရားကား အဘယ်မှာနည်းဟု'' မေးကြ၏။