The Bible Software
bible.software › ကမ္ဘာဦးကျမ်း › ကမ္ဘာဦးကျမ်း 19 › ကမ္ဘာဦးကျမ်း 19:16

ကမ္ဘာဦးကျမ်း 19:16

သို့​သော်​လည်း​လော​တ​သည်​ဖင့်​နွဲ​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​သ​နား​တော်​မူ​၏။ သို့​ဖြစ်​၍​ကောင်း​ကင်​တ​မန်​တို့​သည် သူ​နှင့်​သူ​၏​မ​ယား၊ သူ​၏​သ​မီး​နှစ်​ယောက်​တို့​ကို​လက်​ဆွဲ​၍ မြို့​ပြင်​သို့​ထုတ်​ကြ​၏။-

Common Language Bible

In The King James Version

And while he lingered, the men laid hold upon his hand, and upon the hand of his wife, and upon the hand of his two daughters; the LORD being merciful unto him: and they brought him forth, and set him without the city.

In Context

15နံ​နက်​အ​ချိန်​အ​ရုဏ်​တက်​အ​ချိန်​၌ ကောင်း​ကင်​တ​မန်​တို့​က​လော​တ​အား​အ​မြန်​ထွက်​သွား​ရန်​တိုက်​တွန်း​လေ​သည်။ သူ​တို့​က``မြို့​ကို​ဖျက်​ဆီး​သော​အ​ခါ​သင်​၏​မ​ယား​နှင့်​သ​မီး​နှစ်​ယောက်​အ​သက်​မ​ဆုံး​ရ​စေ​ရန် သူ​တို့​ကို​ခေါ်​၍​ယ​ခု​အ​မြန်​ထွက်​လော့'' ဟု​ဆို​၏။-

17ထို​နောက်​ကောင်း​ကင်​တ​မန်​တစ်​ပါး​က``အ​သက်​ဘေး​မှ​လွတ်​အောင်​ပြေး​ကြ​လော့။ နောက်​သို့​လှည့်​မ​ကြည့်​နှင့်။ ချိုင့်​ဝှမ်း​ထဲ​၌​မ​ရပ်​နား​နေ​နှင့်။ အ​သက်​ချမ်း​သာ​ရာ​ရ​ရန်​တောင်​ပေါ်​သို့​ပြေး​ကြ​လော့'' ဟု​မှာ​ကြား​လေ​သည်။

Read all of ကမ္ဘာဦးကျမ်း 19

Cross References

Exodus 34:6ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ရှေ့ တွင်​ဖြတ်​ကြွ​သွား​လျက်``ငါ​ထာ​ဝရ​ဘု​ရား သည်​သ​နား​က​ရု​ဏာ​နှင့်​ပြည့်​စုံ​သော​ဘု​ရား၊ စိတ်​ရှည်​၍​ကျေး​ဇူး​က​ရု​ဏာ​နှင့်​ကြွယ်​ဝ သော​ဘု​ရား၊ သစ္စာ​တည်​သော​ဘု​ရား​ဖြစ်​၏။-

Deuteronomy 4:31ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ကြင်​နာ​တတ် သော​ဘု​ရား​ဖြစ်​၏။ သင်​တို့​ကို​စွန့်​ပစ်​ဖျက် ဆီး​တော်​မူ​မည်​မ​ဟုတ်။ သင်​တို့​၏​ဘိုး​ဘေး တို့​နှင့်​ကိုယ်​တော်​တိုင်​ပြု​တော်​မူ​သော​ပ​ဋိ ညာဉ်​ကို​လည်း​မေ့​တော်​မူ​မည်​မ​ဟုတ်။''

1 Chronicles 16:34ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​၏။

Psalms 86:5ကိုယ်​တော်​ရှင်​၌​ကျွန်​တော်​မျိုး​တို့​အ​ပေါ် ကောင်း​မြတ်​သော​သ​ဘော၊အ​ပြစ်​လွှတ်​တတ်​သော သ​ဘော​ရှိ​တော်​မူ​ပါ​၏။ အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သူ အ​ပေါင်း​တို့ အ​ပေါ်​ထား​တော်​မူ​သည့်​ခိုင်​မြဲ​သော မေတ္တာ​တော်​သည်​ကြွယ်​ဝ​ပါ​၏။

Psalms 103:8ထာ​ဝ​ရ​ဘု​ရား​သည်​ချစ်​ခင်​ကြင်​နာ​တော်​မူ​၍ စိတ်​ရှည်​သည်း​ခံ​တော်​မူ​လျက် ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​ပြည့်​ဝ​တော်​မူ​၏။

Psalms 106:1ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ကောင်း​မြတ်​တော်​မူ​သည်​ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​ရ​တည် ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ကမ္ဘာဦးကျမ်း 19:16

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ကမ္ဘာဦးကျမ်း 19:15ကမ္ဘာဦးကျမ်း 19ကမ္ဘာဦးကျမ်း 19:17 →