ထွက်မြောက်ရာကျမ်း 2:3
မိခင်သည်သားကိုဆက်လက်၍မဝှက်ထား နိုင်တော့သဖြင့်၊ ကူရိုးများနှင့်ခြင်းတောင်း တစ်လုံးကိုရက်လုပ်၍၊ ကတ္တရာနှင့်သစ်စေး သုတ်ပြီးနောက်၊ ကလေးကိုခြင်းထဲ၌ထည့် ပြီးလျှင်မြစ်ကမ်းစပ်ရှိကိုင်းတောတွင်ချ ထားလေ၏။-
Common Language Bible
In The King James Version
In Context
4ထိုသားငယ်၏အစ်မသည်မလှမ်းမကမ်းနေ ရာမှ ကလေး၏အရိပ်အခြေကိုစောင့်ကြည့် နေလေ၏။
Read all of ထွက်မြောက်ရာကျမ်း 2
Cross References
Genesis 11:3ထိုအခါသူတို့က``လာကြ၊ ခိုင်မာသောအုတ် များကိုဖုတ်ကြကုန်အံ့'' ဟုဆိုကြ၏။ သို့ဖြစ် ၍သူတို့သည် ဆောက်လုပ်ရန်အုတ်နှင့်အုတ်များ ကိုထိန်းထားရန်ကတ္တရာကိုရရှိကြ၏။-
Exodus 1:22သို့ဖြစ်၍ဖာရောဘုရင်သည်``ဟေဗြဲအမျိုးသမီးတို့မှဖွားမြင်သော သားယောကျာ်းမှန်သမျှတို့ကိုနိုင်းမြစ်ထဲသို့ပစ်ချရမည်။ သမီးမိန်းကလေးများကိုမူအသက်ချမ်းသာပေးရမည်'' ဟုမိမိ၏ပြည်သူပြည်သားတို့အားအမိန့်ပေးလေ၏။
Isaiah 19:6မြစ်ဝကျွန်းပေါ်ဒေသရှိချောင်းမြောင်းများ သည်လည်း တဖြည်းဖြည်းခန်းခြောက်ကာပုပ် စော်နံ၍လာလိမ့်မည်။ ကူပင်ကိုင်းပင်များ သည်ခြောက်သွေ့သွားကြလိမ့်မည်။-
Matthew 2:16ဟေရုဒ်မင်းသည်မိမိအားပညာရှိတို့လှည့်စား သွားကြကြောင်းကိုသိလျှင် ပြင်းစွာအမျက်ထွက် လေ၏။ သို့ဖြစ်၍ထိုသူတို့ထံမှစုံစမ်းသိရှိရ သည့်အတိုင်းကြယ်ပေါ်ထွန်းရာအချိန်ကာလ ကိုထောက်လျက် ဗက်လင်မြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများရှိနှစ်နှစ်အရွယ်နှင့်နှစ်နှစ်အောက် သူငယ်အပေါင်းတို့ကိုသတ်စေ၏။